Sunday, May 26, 2019

လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့်ပတ်သက်၍ မြန်မာနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့ သဘောတူညီချက် လက်မှတ်ရေးထိုး

မေ ၂၄ ရက်က နေပြည်တော်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီကို လက်ခံတွေ့ဆုံစဉ်(ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး)ဘဂၤ࿿ါလီ မြတ္စလင္မ်ားကို ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ မြန်မာအစိုးရ၏ နိုင်ငံရေးဆန္ဒကို နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်နေချိန်တွင် မြန်မာအစိုးရသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်း ကြီးရုံး (UNHCR) နှင့် ပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်ခဲ့ကြောင်း သိရသည်။မေ ၂၀ ရက်မှစတင်သည့် ငါးရက်ကြာခရီးစဉ်အတွက် မြန်မာနိုင်ငံသို့ ရောက်ရှိနေ သည့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီနှင့် အကျိုးရှိသော ဆွေးနွေးမှုတစ်ရပ်ကို မြန်မာအာဏာပိုင်များအနေဖြင့် မကြာသေးမီက ပြုလုပ်နိုင်ခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က မေ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
“လွန်ခဲ့တဲ့ နှစ်အနည်းငယ်တစ်လျှောက်  ကျွန်တော်တို့ဟာ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ မေ ၂၃ ရက်ကလည်း ကျွန်တော်တို့  ပူးပေါင်းဆောင်ရွက်ဖို့ နောက်ထပ်အစီအစဉ်တွေအတွက် ဂရန်ဒီနဲ့ ဆွေးနွေးခဲ့ပါတယ်” ဟု ဒေါက်တာကိုကိုနိုင်က ပြောကြားခဲ့သည်။သဘာဝ ဘေးအန္တရာယ်များ စီမံခန့်ခွဲမှု၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ အစရှိသည်တို့နှင့်ပတ်သက်၍ မြန်မာအာဏာပိုင်များသည် မေ ၂၃ ရက်တွင် ဂရန်ဒီနှင့် နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။ နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့သည့် အဆိုပါသဘောတူ ညီချက်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီနှင့် မြန်မာနိုင်ငံတို့၏ ဆက်ဆံရေးကို မြှင့်တင်ပေးလိမ့်မည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်များ ကျရောက်မှု၌ UNHCR ၏ ထောက်ပံ့ကူညီမှုများကို ရရှိမည်ဖြစ်သည်။“သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ ဒေသတွေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေ ဆောင်ရွက်နေစဉ်အတွင်း ကျွန်တော်တို့အနေနဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်အေး ချမ်းရေးကို ဦးစားပေးရေး သေချာစေရမှာ ဖြစ်ပါတယ်”ဟုလည်း ဒေါက်တာကိုကိုနိုင်က ပြောကြားခဲ့သည်။ယခုသဘောတူညီချက်အရ UNHCR သည် လက်တွေ့မြေပြင်၌ ရင်ဆိုင်ရသည့် စိန်ခေါ်မှုများကို နှစ်ဦးနှစ်ဖက် အတူတကွ ပူးပေါင်းဖြေရှင်းနိုင်ရန် ဝန်ကြီးဌာနသို့ အသိပေးသွားရမည်ဖြစ်သည်။“ဒီ MoU ဟာ UNHCR နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ နောက်ထပ်သက်တမ်း သုံးနှစ်တိုးတဲ့သဘောပါ။ မြန်မာရွှေ့ပြောင်းလုပ်သားတွေ နေရပ်ပြန်ရေးကို ကြိုဆိုဖို့နဲ့ ပြည်တွင်းနေရပ်စွန့်ခွာရသူတွေ (IDPs) ကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ထောက်ပံ့ဖို့လည်း ပိုပြီးပူးပေါင်း ဆောင်ရွက်သွားနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”ဟု ဒေါက်တာကိုကိုနိုင်က ပြောကြားခဲ့သည်။လက်မှတ်ရေးထိုးခြင်းမပြုမီ ဂရန်ဒီသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး မြန်မာ၊ UNDP နှင့် UNHCR တို့အကြား ၂၀၁၈ ခုနှစ် ဇွန်လက ရေးထိုးခဲ့သည့် MoU အား ချဲ့ထွင်ရန်လည်းကောင်း၊ လူ့အသိုင်းအဝိုင်း အခြေပြု သက်ရောက်မှုလျင်မြန်သော စီမံကိန်းများ (QIPs) အကောင်အထည်ဖော်ရန် လည်းကောင်း၊ မြန်မာနှင့် ထိုင်းနယ်စပ် တစ်လျှောက်ရှိ ယာယီစခန်းများ၌ရှိနေသော အတည်ပြုပြီးသား မြန်မာနိုင်ငံသားများ မိမိ သဘောဆန္ဒအလျောက် ပြန်လာနိုင်ရန်လည်းကောင်း၊ မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအား အာမခံချက်ပေးနိုင်ရေးအတွက် UNHCR က ကူညီမည့် အစီအစဉ်များ အကြောင်း ဆွေးနွေးခဲ့သည်။ဂရန်ဒီသည် သူ၏ ခရီးစဉ် ပထမနှစ်ရက်၌ စစ်တွေမြို့ ခေါင်ဒုတ်ခါးစခန်းရှိ မွတ်စလင် ဒုက္ခသည်များအပါအဝင် ရခိုင်ပြည်နယ် နှင့် မြောက်ပိုင်းမြို့နယ်များရှိ လူ့အသိုင်းအဝိုင်းများထံသို့ သွားရောက်ပြီး ဒေသခံအာ ဏာပိုင်များနှင့် တွေ့ဆုံခဲ့သည်။ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်တွင် ဂရန်ဒီသည် ရခိုင်၊ ဘင်္ဂ࿿ါလီနှင့် အခြားလူ့အသိုင်းအဝိုင်းတို့ထံမှ ゞင်းတို့၏ စိန်ခေါ်မှုများ၊ လိုအပ်ချက်များနှင့် မျှော်လင့်ချက်များ ပြောပြမှုကို နားထောင်ရန် ရွာပေါင်းများစွာသို့ သွားရောက်ခဲ့သည်။ ゞင်းတို့က ရေလှောင်ကန်များ၊ ကျောင်းများကို ပြန်လည် တည်ဆောက်မှုများ၊ လမ်းများ တိုးတက်လာမှုများ၊ စက်ဘီးနှင့်ပတ်သက်သော စီမံချက်များနှင့် ကျွမ်းကျင်မှုသင်တန်းများ အစရှိသည့် ゞင်းတို့ရွာများ၌ ပြုလုပ်ပေးသော စီမံချက်များက ゞင်းတို့၏ဘဝကို ကွဲပြားခြားနားလာစေနှင့်ပြီးဖြစ်ကြောင်းလည်း ပြောပြခဲ့ကြသည်။ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ခရီးသွားစဉ်အတွင်း ဂရန်ဒီသည် တစ်ချိန်က ဘင်္ဂ࿿ါလီ မွတ်စလင်ရွာများ ရှိခဲ့သည့် နေရာများ၌ ချုံနွယ်ပိတ်ပေါင်းများ ဖုံးလွှမ်းနေသည့် မြေလွတ်များစွာကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။ တစ်ချိန်က စည်ကားခဲ့သည့် နေအိမ်များနှင့် ဈေး များမှာလည်း မရှိသလောက် နည်းပါးသွားပြီဟု ဆိုသည်။ဘူးသီးတောင်မြို့နယ်တွင် နေအိမ်များကို စွန့်ခွာထွက်ပြေးလာရသည့် ရခိုင်ဒုက္ခသည်များကို လက်ခံထားသည့် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတစ်ကျောင်း၌ ကိုယ်စားလှယ်များက ゞင်းတို့နေအိမ်များဆီ ဖြစ်နိုင်သမျှ အမြန်ဆုံးပြန်လိုသည့်ဆန္ဒကို ဂရန်ဒီအား ပြောကြားခဲ့သည်ဟု ဆိုသည်။ ゞင်းတို့ က လုံခြုံရေး ပြန်လည်တည်ဆောက်ပေးရန် တောင်းဆိုခဲ့ပြီး ငြိမ်းချမ်းရေးအတွက် အပြင်းအထန် မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။

No comments:

Post a Comment