Sunday, May 26, 2019

နည်းပြတူချယ်လ်ကို ပီအက်စ်ဂျီက ၂၀၂၁ ဇွန်လအထိ စာချုပ်သက်တမ်းတိုး

ပါရီ - ပြင်သစ်လီဂူးဝမ်းချန်ပီယံ ပီအက်စ်ဂျီက လက်ရှိ နည်းပြ သောမတ်စ်တူချယ်လ်ကို နောက် ထပ်တစ်ရာသီစာချုပ်သက်တမ်း တိုးခဲ့သည်။  ယင်းဂျာမန်နည်းပြ တူ ချယ်လ် (၄၅) နှစ်သည် ၂၀၁၈ ဇွန်လက ပီအက်စ်ဂျီသို့ ရောက် လာပြီး စတင်ကိုင်တွယ်ချိန်က တည်းက ကစားသမားများ၊ ဝန် ထမ်းများနှင့် အသင်းတာဝန်ရှိသူ များ ယုံကြည်မှုကို ၎င်း၏ခေတ် သစ်ဘောလုံးအမြင်ဖြင့် ရယူနိုင် ခဲ့သည်။



၂၀၁၈ က တရုတ်နိုင်ငံတွင် Throphee des Champion ဖလားရပြီးနောက် တူချယ်လ် သည် ပီအက်စ်ဂျီကို (၈) ကြိမ် မြောက် ပြင်သစ်ချန်ပီယံဖလားရ အောင် ကူညီပေးခဲ့ရာ ၁၉၇၀ နောက်ပိုင်း ပီအက်စ်ဂျီရရှိသော ဖလား ၃၉ လုံးရှိလာသည်။ ယမန်နှစ်က ပီအက်စ်ဂျီသို့ တူချယ်လ်နှင့်အတူ ရောက်လာ သော ဝန်ထမ်းများလည်း ၎င်းတို့ ၏ စာချုပ်များကို ၂၀၂၁ ဇွန်လ အထိ သက်တမ်းအသီးသီး တိုးခဲ့သည်။

‘‘ကျွန်တော်စာချုပ်သစ် ချုပ် ဆိုရလို့ ဝမ်းသာပါတယ်။ ပီ အက်စ်ဂျီကို အောင်မြင်အောင် စွမ်းဆောင်ဖို့ကတိပေးပါတယ်’’ ဟု တူချယ်လ်က ပြော သည်။

အသင်းကို အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်မည်ဖြစ်ပြီး အကောင်းဆုံး အခြေအနေကို မ မြင်ရသေးဟု၎င်းက ပြောသည်။ ပီအက်စ်ဂျီအသင်း ဥက္ကဋ္ဌ၊ စီအီးအို နာဆာအယ်လ်ခါလီဖာ က တူချယ်လ်ကိုချီးကျူးပြီး ၎င်း ၏ အရည်အချင်းများသည် ရေ ရှည်အားကိုးနိုင်မည်ဖြစ်၍ မိမိတို့ ဝမ်းသာကြောင်း ပြောကြား သည်။ပီအက်စ်ဂျီသည် ပြည်တွင်း ၌ ခြေစွမ်းပြပြီး ရလဒ်ကောင်းများ  ပိုင်ဆိုင်ခဲ့သော်လည်း ချန်ပီယံ လိဂ်တွင် မန်ယူကိုရှုံးကာ ထွက်ခဲ့ ရသဖြင့် တူချယ်လ်၏အနာဂတ် နှင့်ပတ်သက်၍ မရေမရာဖြစ်ခဲ့ သည်။

No comments:

Post a Comment