Sunday, May 26, 2019

(၈)ကြိမ်မြောက် အိန္ဒိယ-မြန်မာ ပူးတွဲကင်းလှည့်မှုပိတ်ပွဲအတွက် အိန္ဒိယရေတပ်သင်္ဘောများ ရန်ကုန်မြို့သို့ လာမည်

(၈)ကြိမ်မြောက် အိန္ဒိယ-မြန်မာ ပူးတွဲကင်းလှည့်မှု ပိတ်ပွဲ အခမ်းအနားအတွက် အိန္ဒိယရေ တပ်မှ Dornier လေယာဉ်တစ်စီး နှင့်အတူ အိန္ဒိယရေတပ်သင်္ဘော နှစ်စီးသည် ရန်ကုန်မြို့သို့ ယခုလ ၂၆ ရက် (ယနေ့)မှ ၂၈ ရက်အထိ လာရောက်မည်ဖြစ်သည်။



ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံး၏ မေလ ၂၅ ရက် ထုတ်ပြန်ချက်တစ် ရပ်တွင် အိန္ဒိယနှင့် မြန်မာကြား လုပ်ဆောင်နေသော နှစ်နိုင်ငံ အစီအစဉ်များ၏ တစ်စိတ်တစ် ပိုင်းအဖြစ် (၈)ကြိမ်မြောက် နှစ် နိုင်ငံပူးတွဲကင်းလှည့်မှုတွင် Saryuသင်္ဘော၊ Bangaram သင်္ဘော တို့သည် မြန်မာရေတပ်သင်္ဘော များဖြစ်သော ဘုရင်တပင်ရွှေထီး သင်္ဘောနှင့် အင်းလေးသင်္ဘောတို့ နှင့်အတူ ကင်းလှည့်ခဲ့ကြောင်း ဖော်ပြထားသည်။ ယင်းကင်း လှည့်မှုအတွင်း နှစ်နိုင်ငံစလုံး သည် ရေပြင်ကင်းလှည့်ရေးလေ ယာဉ်က အားဖြည့်ပေးခဲ့သည်။

၂၀၁၃ မတ်လက စတင်ခဲ့သော ပူးတွဲကင်းလှည့်မှုများက ရေပြင်တွင် နှစ်ဖက်ပူးပေါင်း ဆောင်ရွက်ရေး နှစ်နိုင်ငံရေတပ် ကြား အပြန်အလှန်ဆက်သွယ်မှု နှင့် နှစ်ဖက်နားလည်မှုတို့ကို တိုး တက်စေသည်ဟု ထုတ်ပြန်ချက် ၌ ဖော်ပြထားသည်။

Saryu သင်္ဘောသည် စစ်မှု ထမ်း ၁၂၀ ကျော်ပါဝင်သော အမှု ထမ်းများကို ဦးဆောင်သည့် တပ်မှူး ရာအူးလ်ဂေါ်တမ် ကွပ်ကဲ သည့် မျိုးဆက်သစ် ကမ်းလွန်ကင်းလှည့်သင်္ဘောဖြစ်ပြီး Bangaram သင်္ဘောသည် စစ်မှုထမ်း ၃၀ကျော်ပါဝင်သော အမှုထမ်းများ ကို ဦးဆောင်သူ ဒုတပ်မှူး နစ်ရှ် ဟန့်ချန်ဒရာယန် ကွပ်ကဲသော အမြန်တိုက်ခိုက်ရေးရေယာဉ်ဖြစ်သည်။

နှစ်နိုင်ငံ ပူးတွဲကင်းလှည့်မှု က သက်ဆိုင်ရာ ရေပြင်နယ်နိမိတ်အသီးသီးအတွင်း ရေပြင်လုံခြုံရေးကို ထိန်းသိမ်းရန်နှင့် ပင်လယ်ပြင်၌ တရားမဝင်လှုပ်ရှားမှုများ ဖြေရှင်းရန်ဖြစ်ကြောင်း သိရ သည်။

ရန်ကုန်မြို့၌ ပြုလုပ်မည့် အခမ်းအနားများတွင် ယင်းပူးတွဲ ကင်းလှည့်မှု ပိတ်ပွဲအခမ်းအနား၊ ယဉ်ကျေးမှုအရ ဆက်သွယ်မှု များ၊ အားကစားနှင့် လူမှုရေးဆိုင် ရာ ဖလှယ်မှုများနှင့် စိတ်ဝင်စား စရာနေရာများသို့ သွားရောက် လည်ပတ်မှုများ ပါဝင်မည်ဖြစ်သည်။

No comments:

Post a Comment