Sunday, May 26, 2019

Lenovo က ကမ္ဘာ့ပထမဆုံးခေါက်ချိုးနိုင်သည့် လက်ပ်တော့ကို ထုတ်ဖော်ပြသ

Image may contain: one or more people, people sitting, phone and screenကမ္ဘာပေါ်တွင်ရှိနေပြီးသားခေါက် ချိုးနိုင်သည့်လက်ပ်တော့များသည် ဖန် သားပြင်သာဖြစ်သော်လည်း ယခုအခါ Lenovo က ကမ္ဘာ့ပထမဆုံးအနေဖြင့် ကိုယ်ထည်ကြီးတစ်ခုလုံးကို ခေါက်ချိုးချ နိုင်သည့်လက်ပ်တော့ကို တီထွင်ဖန်တီးပြ သခဲ့သည်ဟု သိရသည်။ တက်ဘလက်ပုံစံဖြစ်သော်လည်း လက်ပ်တော့ပုံစံအသုံးပြုရန်ခေါက်ချိုး လိုက်ပြီဆိုပါက ထွက်ပေါ်လာသည့်ဖန် သားပြင်နှစ်ခုထဲမှတစ်ခုတွင် ကီးဘုတ် ပေါ်လာလိမ့်မည်ဖြစ်သည်။ ဖန်သားပြင် ကို မြင်ကွင်းကျယ်ကြည့်ချင်ပါကလည်း ခေါက်ချိုးဖန်သားပြင်ကို Bluetooth အ သုံးပြု၍ ပြင်ပကီးဘုတ်နှင့်ချိတ်ဆက်အ သုံးပြုနိုင်သည်။


ဆမ်ဆောင်း၏ Galaxy Fold ခေါက်ချိုးဖုန်းကဲ့သို့ အလယ်တွင် ခေါက်ချိုးရာမပါသော်လည်း Galaxy Fold ကဲ့သို့ပင် လက်ပ်တော့၏အစွန်းနှစ် ဖက်ကို သံလိုက်စွမ်းအင်ဖြင့်ပိတ်ထားနိုင် သည်။ ခေါက်ချိုးထားပါက စာအုပ်တစ်ခု အရွယ်အစားသာရှိသည့်အတွက် အိပ်ရာ ထဲတွင်ခေါက်ချိုးနိုင်လျက်နှင့်စာဖတ်နိုင် သလို စားပွဲပေါ်တွင်ထောင်ထား၍လည်း စာဖတ်နိုင်သည်။ အလေးချိန်နှစ်ပေါင်မ ပြည့်သည့်အတွက် ပေါ့ပါးသည့်လက်ပ် တော့ဖြစ်ပြီး ထည့်သွင်းထားသည့်ကင်မ ရာဖြင့်လည်း မျက်နှာဖတ်စနစ်ကို အသုံး ပြုနိုင်သည်။

၂၄ နာရီအပြည့်ခံသည့် ဘက်ထရီနှင့်စတီရီယိုစပီကာသာမက USB-C အပေါက်နှစ်ခုလည်းပါဝင်သည်။လက်ရှိတွင် နမူနာပုံစံအဆင့်သာရှိသေးပြီး ၂၀၂၀ ပြည့်နှစ်တွင် ဈေးနှုန်းနှင့်အခြားအ သေးစိတ်အချက်အလက်များကို ပိုမိုသိရှိ နိုင်လိမ့်မည်ဖြစ်သည်ဟု သိရသည်။

No comments:

Post a Comment