Sunday, May 26, 2019

ဘော်လခဲမြို့တွင် အမျိုးသားနှစ်ဦး တောင်ကျရေနှင့်မျောပါ ပျောက်ဆုံးနေ

ကယားပြည်နယ် ဘော် လခဲမြို့တွင် ချောင်းအတွင်း ရေ ချိုးနေသော အမျိုးသားသုံးဦး တောင်ကျရေနှင့် မျောပါပြီး နှစ်ဦးပျောက်ဆုံးနေ၍ ရှာဖွေကယ် ဆယ်ရေးဆောင်ရွက်နေသည်။  ဘီလူးချောင်းမှ ခွဲထွက်လာ ပြီး ဘော်လခဲမြို့ကို ဖြတ်သွား သည့် ပွန်းချောင်းအတွင်း အမျိုး သားနှစ်ဦးရေနစ်ပျောက်ဆုံးနေမှု သည် မေလ ၂၅ ရက်နေ့လယ်က ဖြစ်ပွားခြင်းဖြစ်သည်။



‘‘သုံးဦးရေချိုးနေတာ မျောပါ သွားပြီး ကျွန်တော်တို့တပ်ဖွဲ့ဝင် တွေက တစ်ဦးကယ်နိုင်တယ်။ နှစ်ဦးကိုတော့ ရှာဖွေရေးလုပ်နေ တုန်းပဲ’’ဟု ဘော်လခဲမြို့နယ် မီး သတ်ဦးစီးမှူး ဦးဖြူချေက ပြော သည်။  ပျောက်ဆုံးနေသူ နှစ်ဦး သည် အသက်(၁၈)နှစ်မှ (၂၀)နှစ်ကြား ဖြစ်ပြီး မေလ ၂၅ ရက် ညနေ ၅ နာရီခန့်အထိ မတွေ့သေးပေ။  ယခုရက်ပိုင်းတွင် အနောက် တောင်မုတ်သုံလေဝင်ရောက်နေ ၍ ဒေသအများအပြား မိုးရွာနေကာ ဒေသတွင်းရှိ မြစ်၊ ချောင်းများ ရေရုတ်တရက်မြင့်တက်လာ မည့်အခြေအနေကို သတိပြုနေ ထိုင်ရန် လိုအပ်ကြောင်း မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက် တာ ကျော်မိုးဦးက ပြောသည်။

No comments:

Post a Comment