Sunday, May 26, 2019

မုံရွာမြို့ချင်းတွင်းတံတားအနီး ဖောင်ဆွဲစက်လှေနှင့် ကုန်တင်ရေယာဉ်တိုက်မှုဖြစ်ပွားခဲ့မှုကြောင့် လူ၅ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာခရိုင် ၊ မုံရွာမြို့တွင် မေလ ၂၆ ရက် (ယနေ့) နံနက်ပိုင်းက ချင်းတွင်းတံတားအနီး ဖောင်ဆွဲစက်လှေနှင့် ကုန်တင်ရေယာဉ်တိုက်မှုဖြစ်ပွားခဲ့မှုကြောင့် လူ ၅ ဦး သေဆုံးခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။ အဆိုပါဖြစ်စဉ်ကို ဌာနဆိုင်ရာများ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံးမှ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေးကိုယ်တိုင် အနီးကပ်ကွက်ကဲကာ ရှာဖွေရေးများ ဆောင်ရွက်နေကြောင်း သိရသည်။ ဖောင်ဆွဲစက်လှေအတွင်း သေဆုံးသူများ၏ ရုပ်အလောင်းများကို ရှာဖွေကယ်ထုတ်နေပြီး ဆယ်ယူရရှိခဲ့သည့် သေဆုံးသူများ၏ ရုပ်အလောင်းများကို နာရေးကူညီမှု အသင်းများက ဆေးရုံသို့ ပို့ဆောင်ပေးနေကြောင်း သိရသည်။

No comments:

Post a Comment