Sunday, May 26, 2019

ဘားအံမြို့တွင် ကျပ်သိန်း ၄၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ

ကရင်ပြနည်နယ် ဘားအံမြို့နယ်မှာ ငွေကျပ် ၄၁၄၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ ဘားအံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ  မေ ၂၃ ရက် နေ့လယ်ပိုင်းက ဘားအံမြို့၊ အမှတ် ၉ ရပ်ကွက်ရှိ စားသောက်ဆိုင်မှာ အောင်မိုးဦး(ခ)အောင်မိုး (ခ) ကိုမိုးအား စစ်ဆေးရှာဖွေရာ အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြားနဲ့ လက်ကိုင်ဖုန်း တလုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။


ကွင်းဆက်အရ ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာရှိ အောင်မိုးဦးရဲ့ နေအိမ်အား ဝင်ရောက်ရှာဖွေရ ဇနီးဖြစ်သူ မဝင်းသူဇာနှင့်အတူ သန်းဝင်း၊ တင်အောင်ကျော်၊ စောကျော်ရှိ တို့ ၃ ဦးအား တွေ့ရှိရပြီး နေအိမ်ရှေ့လှေကားအနီးရှိ ကားတာယာ အဟောင်းအတွင်းနဲ့ နေအိမ်ခြံဝင်းအတွင်းရှိ ခရေပင်အောက်မြေကြီးအတွင်းတို့မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၈,၀၀၀ ပြား၊ လက်ကိုင်ဖုန်း ၃ လုံး တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးတွေနဲ့အတူ ဖမ်းဆီးမိတဲ့ သူတို့ ၅ ဦးကို မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။

No comments:

Post a Comment