Tuesday, May 7, 2019

AA နှင့် ပတ်သက်၍ သံသယရှိသည်ဆိုပြီး ထိန်းသိမ်းထားသူ ၁၃၀ ကျော်အနက် ၄၈ ဦးကို ထပ်မံလွှတ်ပေး ကျန်ရှိနေသူများကို အမြန်ဆုံးစိစစ်နေကြောင်း တပ်မတော်တာဝန်ရှိသူပြော

ကျောက်တန်း ကျေးရွာတွင် စစ်ဆေးခံနေရသူများကို ဆရာတော်၊ သံဃာတော်များက မေလ ၆ ရက်တွင် သွားရောက်တွေ့ဆုံခဲ့သည်။ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)နှင့်ပတ်သက်၍ သံသယရှိသည်ဆိုကာ ရသေ့တောင်မြို့နယ် ကျောက် တန်းရွာစာသင်ကျောင်း၌ ထိန်းသိမ်းထားသူ ၁၃၁ ဦးအနက် ၄၈ ဦးကို ယမန်နေ့ မွန်းလွဲက ပြန်လည်လွှတ်ပေး ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြော ကြားသည်။ ‘‘ပါဝင်ပတ်သက်မှုမရှိတဲ့ ၄၈ ယောက် ပြန် လွှတ်ပေးလိုက်တယ်။ ကျန်တဲ့လူတွေကတော့ ထုတ် ပြန်ချက်အတိုင်းပဲ စစ်ဆေးဆဲပဲဖြစ်ပါတယ်ဗျ’’ဟု ဗိုလ် မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။



AA အဖွဲ့ဝင်များ ခိုလှုံနေသည်ဟု သံသယရှိ၍ ကျောက်တန်းရွာ၌ အသက် (၁၅)နှစ်မှ (၅၀) အကြားရှိ အမျိုးသား ၂၇၅ ဦးကို ဧပြီ ၃၀ ရက်ကတည်းက ထိန်းသိမ်းစစ်ဆေးနေခြင်းဖြစ်သည်။ ယင်းတို့အနက် မေလ ၂ ရက်တွင် ပစ်ခတ်မှုဖြစ်ပွား၍ ထိန်းသိမ်း ထားသူ ခြောက်ဦး သေဆုံးပြီး ရှစ် ဦး ဒဏ်ရာရရှိကာ လေးဦးလွတ် မြောက်ခဲ့သည်။ မေလ ၃ ရက် တွင် AA နှင့် ပတ်သက်မှုမရှိသူ ၁၂၆ ဦးကို ပြန်လွှတ်ပေးရာ ကျန် ရှိသည့် ၁၃၁ ဦးကို စစ်ဆေးပြီး နောက် ယခု ဒုတိယအသုတ် ၄၈ ဦးကို ပြန်လွှတ်ပေးခြင်းဖြစ်သည်။

‘‘ဒီနေ့ ၄၈ ဦး ပြန်လွှတ်တယ် လို့ ကြားတယ်။ နောက်ထပ်တော့ ဘာမှ မထူးသေးဘူး။ ဟိုလူတွေ ကတော့ အရင်အတိုင်းပဲ အစစ်ခံ နေရတုန်းပေါ့’’ဟု ရသေ့တောင် မြို့ ဒေသခံတစ်ဦးက ပြောသည်။ ကျန်ရှိနေသူများကို ဆက် လက်စစ်ဆေးနေပြီး အပြစ်မရှိသူ များကို အမြန်ဆုံး ပြန်လွှတ်မည် ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်း ထွန်းက မေလ ၆ ရက်တွင် ပြော သည်။ တပ်မတော်အနေဖြင့် လူ ခြောက်ဦးသေဆုံးသည့် ကျောက်တန်းကျေးရွာပစ်ခတ်မှု ဖြစ်စဉ် နှင့် ပတ်သက်ပြီး တပ်မတော်သားများ အနေဖြင့် သတ်မှတ်ထား သည့် ဥပဒေများကို လိုက်နာရန်ပျက်ကွက်ခဲ့ပါက ဥပဒေအတိုင်းဆက်လက်ဆောင်ရွက်မည်ဖြစ် ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်း ထွန်းက ပြောကြားသည်။

No comments:

Post a Comment