Tuesday, May 7, 2019

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီတို့ ဇနီးမောင်နှံ သားဦး ယောက်ျားလေး မွေးဖွား

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့ ဇနီးသည် မက်ဂန်တို့ဟာ မေလ ၆ ရက်နေ့က သားဦးယောက်ျားလေး မွေးဖွားတယ်လို့ ဖခင်ဖြစ်သူ ဟယ်ရီက ပြောပါတယ်။ အလွန်တရာမှ ပျော်ရွှင်နေပြီး ဇနီးဖြစ်သူအတွက် ဂုဏ်ယူနေတဲ့ တော်ဝင်မင်းသား ဟယ်ရီက သူတို့နှစ်ဦးဟာ ကလေးနာမည်ပေးဖို့ စဉ်းစားနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ဟယ်ရီက ကလေးနာမည်ပေးဖို့ အချိန်နည်းနည်းယူ စဉ်းစားမှာဖြစ်ပြီး သူတို့မိသားစုသစ်လေးဟာ နောက်နှစ်ရက်လောက် အများပြည်သူမြင်ကွင်းရှေ့ ထွက်လာမှာ မဟုတ်ဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။



တော်ဝင်မင်းသား ဟယ်ရီနဲ့ မက်ဂန်တို့ရဲ့ ကလေးငယ်ဟာ ကိုယ်အလေးချိန် ၇ ပေါင် ရှိတယ်လို့ ဘက်ကင်ဟမ်နန်းတော်က သတင်းထုတ်ပြန်ပါတယ်။ ကလေးငယ်ဟာ ဗြိတိန်ရဲ့ သတ္တမမြောက် နန်းလျာဖြစ်ပြီး ဘုရင်မကြီး အဲလိဇဘက်ရဲ့ ၈ ယောက်မြောက် မြစ်တော်ဖြစ်တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။

No comments:

Post a Comment