Tuesday, May 7, 2019

လှိုင်မြို့နယ်တွင် ခွေးလေခွေးလွင့်မျိုးပွားမှု ထိန်းချုပ်ရေး ရှေ့ပြေးစီမံချက် ဆောင်ရွက်မည်

လှိုင်မြို့နယ်တွင် ခွေးလေခွေးလွင့် မျိုးပွားမှုထိန်းချုပ်ရေး ရှေ့ပြေးစီမံချက်ကို မကြာမီရက် ပိုင်းအတွင်း ဆောင်ရွက်မည် ဖြစ်သည်။     ယင်းစီမံချက်ကို မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကု ဆရာဝန်များအ ဖွဲ့နှင့် ထိုင်းနိုင်ငံမှ Mission Rabies, WVS (Worldwide Veterinary Service) အဖွဲ့တို့ ပူးပေါင်း၍ မေလ ၁၀ ရက်မှ ၁၈ ရက်အထိ လှိုင်မြို့နယ်ရှိ ခွေးအ ကောင်ရေ  ၅၀၀ ကို သင်းကွပ် ခြင်း၊ သားကြောဖြတ်ခြင်းနှင့် ခွေးရူးပြန် ကာကွယ်ဆေးထိုးနှံပေး ခြင်းတို့ ဆောင်ရွက်မည် ဖြစ် သည်။
‘‘အခုဟာက ၂၀၁၄ တုန်းက ရန်ကုန်မှာ ခွေးခုနစ်သောင်း ရှိတယ်။ ၂၀၁၈ ရောက်တော့ ခွေးတစ်သိန်းနဲ့ လေးသောင်း ဖြစ်တယ်။ တစ်ဆတိုးသွားတယ်။ အကယ်၍မှ Population (မျိုးပွားမှု)ကို Control (မထိန်းချုပ်ရင်)မလုပ်ဘူးဆိုရင်၊ Unlimit (အကန့်အသတ်မရှိ)တိုးနေမယ်ဆိုရင် တစ်ချိန်ကျရင် ဒီပြဿနာက အရမ်းကြီးလာမှာပေါ့’’ဟု မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကုဆရာဝန်များ အသင်း (ဗဟို) ဒုဥက္ကဋ္ဌ ဒေါက် တာစိုးမင်းက ပြောသည်။    စီမံချက်ပြုလုပ်မည့် နေရာသည် ဘုရင့်နောင်လမ်းရှိ ရွှေပိတောက်ငါးဈေးအနီး ပညာရေးမှူးရုံး အဟောင်းတွင်ဖြစ်ကာ   နံ နက် ၈ နာရီမှ ၅ နာရီအထိ ဖြစ် သည်။

‘‘အကုန်လုံးက အခမဲ့။ သူတို့နှစ်ဖွဲ့က လာလုပ်ပေးတာ။ ကျွန်တော်တို့က ငွေမကုန်ဘူး။ ကျွန်တော်တို့က ၀ိုင်းကူပေးရတာပဲ ရှိမယ်။ နေရာထိုင်ခင်း စီစဉ်မယ်။ လာတာလည်း သူ့ဟာသူသူတို့စရိတ်နဲ့ သူလာတာ။ ဆေးတွေလည်း ယူလာတာ။ ကျွန်တော်တို့က လှိုင်မြို့နယ်မှာ စလုပ်လိုက်ပြီးတော့ ဒီပရောဂျက်ရဲ့ အောင်မြင်မှုကိုမှ စစ်တမ်းပြန်ထုတ်ပြီးတာ နဲ့ ရန်ကုန်တစ်တိုင်းလုံးကို သူတို့က လုပ်ချင်တာပါ။ ဒီနေ့ ဒုတိ ယမြို့တော်ဝန်နဲ့ သွားတွေ့ဖို့ ရှိတယ်။ သွားတွေ့ပြီးတော့မှ နောက်လုပ်မယ့် အစီအစဉ်တွေကို ဆက်သွားမယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးကျော်ကျော်ထွန်းက ပြောသည်။   မွေးမြူရေးနှင့်   ကုသရေး ဦးစီးဌာန တွက်ချက်မှုအရ နိုင်ငံတစ်ဝန်းတွင် ခွေးအကောင်ရေ ၃ ဒသမ ၈သန်း ရှိသည်။ ၂၀၁၈က ခွေးကိုက်ခံရမှု တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်သိန်းကိုးသောင်းကျော်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနစာရင်းများ၌ ဖော်ပြထားသည်။

No comments:

Post a Comment