Tuesday, May 7, 2019

ဝေဠုကျော်အမှုအတွက် သက်သေခံတွေ တရားလိုဘက်က တင်သွင်း

ကာမရယူလိုမှုနဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် ဝေဠုကျော်အမှုဟာ ဒီနေ့ဆိုရင် ၇ ကြိမ်မြောက်ရုံးချိန်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ တရားခွင်မှာ တရားလိုဖြစ်တဲ့ အလှမယ် သင်းသင်း ဘက်ကနေပြီးတော့ သက်သေခံတင်သွင်းခဲ့တာပါ။ တင်သွင်းတဲ့ သက်သေခံတွေကတော့ နှစ်ယောက်အတူ စကားထိုင်ပြောနေတဲ့ ဓာတ်ပုံတစ်ပုံ၊ နှစ်ဦးသား ဖုန်းအပြန်အလှန်ပြောထားတဲ့ CD ချပ်တစ်ချပ်နဲ့ ဗီဒီယိုဖိုင် တစ်ခုပဲ ဖြစ်ပါတယ်။ အဲဒီသက်သေခံတွေကိုတော့ စွပ်စွဲခံရသူ သရုပ်ဆောင် ဝေဠုကျော်ဘက်က ကန့်ကွက်ခဲ့တာပါ. သက်သေခံတွေနဲ့ ပတ်သက်ပြီး လာမယ့်ရုံးချိန်းမှာတော့ ဖုန်းအပြန်အလှန်ပြောထားတဲ့ CD ချပ်ကို ရုံးတော်မှာ ဖွင့် နားထောင်သွားမယ်လို့ ဆိုပါတယ်။ လာမယ့် ရုံးချိန်းကိုတော့ မေလ ၂၄ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားတယ်လို့ သိရပါတယ်ရှင်။

No comments:

Post a Comment