Tuesday, May 7, 2019

ဒေါက်တာလဲ့လဲ့မော် အမှုတွဲမှ တရားလိုစစ်ဆေးမှုပြီးစီး

အဂတိလိုက်စားမှုဖြင့်  တနင်္သာရီဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အပေါ်စွဲဆို ထားသည့် အမှုတွဲလေးခုနှင့် ပတ် သက်၍ တရားလိုကို ယမန်နေ့ ရုံးချိန်းတွင် အပြီးအပြတ် စစ် ဆေးခဲ့သည်။ ထို့ကြောင့် စွပ်စွဲခံရသူ၏ ကျိုးဆောင်ရှေ့နေများက လာ မည့်မေလ ၁၄ နှင့် ၁၅ ရက်ရုံးချိန်း တွင် တရားလိုကို အပြန်အလှန် မေးခွန်းများ  မေးမြန်းမည်ဖြစ် ကြောင်း ဒေါက်တာလဲ့လဲ့မော် ၏ အကျိုးဆောင်ရှေ့နေဦးနိုင်လင်း ထွန်းကဆိုသည်။ ‘‘ကျွန်တော်တို့ကတော့ ဥပ ဒေဘောင်အတွင်းကပဲ ဒေါ်လဲ့လဲ့  မော်ကို ဖြေရှင်းပေးသွားမှာပါ’’  ဟု ၎င်းကပြောသည်။



ဧပြီ ၂၂ ရက် တနင်္သာရီ တိုင်းတရားလွှတ်တော်ရုံးချိန်း တွင် တရားသူကြီးက ဒေါက်တာ လဲ့လဲ့မော်၏ အာမခံပယ်ချမှုအ ပေါ်ဥပဒေအကြောင်းအရ အာမ ခံထပ်မံလျှောက်ထားနိုင်သည့် အ ခြေအနေများကို ၎င်းနှင့် မိသားစု ၀င်များထံ အသိပေးထားသော် လည်း ၎င်းတို့ထံ ပြန်လည်အ ကြောင်းကြားလာခြင်း မရှိသေး ကြောင်း အကျိုးဆောင်ရှေ့နေ ဦးနိုင်လင်းထွန်းက ရှင်းပြသည်။

ဒေါက်တာလဲ့လဲ့မော်၏ ကျန်းမာရေးအာမခံလျှောက်ထား သည့် အပေါ်ဆေးစစ်အဖွဲ့ဖွဲ့၍  ဆေးစစ်ခဲ့ရာ  လက်ရှိသောက် သုံးနေသည့် ဆေးဝါးများဆက် သောက်ရန်နှင့် အဆီလျှော့စား၍   လေ့ကျင့်ခန်းလုပ်ရန်အပါအ၀င်  ၎င်းကိုစတင်စစ်ဆေးနိုင်ခြင်းမရှိ သေးသည့် အခြေအနေများ ကြောင့် အာမခံမပေးသင့်ဟုတိုင်း ကျန်းမာရေးဦးစီးမှူး ဦးဆောင် သည့် ဆေးစစ်အဖွဲ့က မှတ်ချက် ပြုခဲ့သည်။

ထို့အပြင် ဒေါက်တာလဲ့လဲ့ မော်အပေါ်စွဲဆိုထားသည့် ပုဒ်မ  များသည် အာမခံပေး၍ မရသော အမှုများဖြစ်သည့် အတွက်အာမ ခံလျှောက်ထားမှုကို ပယ်ချ ကြောင်းဧပြီ ၂၂ ရက်ရုံးချိန်းတွင်   တိုင်းတရားလွှတ်တော် တရား သူကြီးကဆုံးဖြတ်ခဲ့သည်။

လက်ရှိတွင်တနင်္သာရီတိုင်း ၀န်ကြီးချုပ်ဟောင်းဒေါက်တာလဲ့ လဲ့မော်၊ GGS ကုမ္ပဏီမန်နေဂျင်း ဒါရိုက်တာဦးသိန်းထွေး၊ ဒါရိုက်  တာဦးအောင်မြတ်နှင့် အထွေထွေ မန်နေဂျာဦးသူရအုံတို့ကို ထား ၀ယ်အကျဉ်းထောင်အတွင်းဖမ်း ဆီချုပ်နှောင်ထားသည်။ ဒေါက်တာလဲ့လဲ့မော်အပါ အ၀င်ဦးသိန်းထွေး၊ ဦးအောင် မြတ်နှင့် ဦးသူရအုံတို့ကို အဂတိ  လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ  ပုဒ်မ ၅၅ နှင့် ပုဒ်မ ၅၅/၆၆ တို့ ဖြင့်အဂတိလိုက်စားမှုတိုက်ဖျက်  ရေးကော်မရှင်စုံစမ်းစစ်ဆေးရေး မှူး ဦးသန်းဇော်ဝင်းကအမှုလေး မှုခွဲကာ တရားလိုပြုလုပ်တရားစွဲ  တင်ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment