Tuesday, May 7, 2019

လူသေဆုံးသည်အထိ တပ်မတော် သင်တန်းသားချင်း ထိုးကြိတ်အပြစ်ပေးသူနှစ်ဦးကို အရေးယူမည်

တပ်မတော်ကွန်ပျူတာ နှင့် နည်းပညာသိပ္ပံသင်တန်း  ကျောင်းတွင် သင်တန်းသားအ ချင်းချင်း ထိုးကြိတ်အပြစ်ပေးခြင်း ကြောင့် သင်တန်းသားတစ်ဦးသေ ဆုံးရာ ကျူးလွန်သူ သင်တန်းသား နှစ်ဦးကို အရေးယူမည်ဖြစ် ကြောင်း အရှေ့ပိုင်းတိုင်း စစ်ဌာ နချုပ်မှ ဗိုလ်မှူးကြီးမောင်မောင် လတ်ကမေလ ၆ ရက်၌ အ တည်ပြုပြောကြားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း  ဟိုပုံးမြို့၌ ဖွင့်လှစ်ထားသည့်အ ဆိုပါ သင်တန်းကျောင်းတွင် ဧပြီ  ၂၈ ရက်က တန်းစီရန်ပျက်ကွက် သည့် သင်တန်းသား ငါးဦးကို စီ နီယာသင်တန်းသားနှစ်ဦးက ထိုး ကြိတ်အပြစ်ပေးစဉ် အထိုးခံရ သည့် သင်တန်းသားတစ်ဦးသတိ  လစ်၍ သင်တန်းကျောင်းရှိ   ဆေးခန်းသို့ ပို့ဆောင်ဆေးကုသ ပေးနေစဉ်သေဆုံးခြင်းဖြစ်သည်။



‘‘ကျွန်တော်သိရသလောက်  တော့တပ်မတော်စည်းမျဉ်းစည်း ကမ်းနဲ့ အရေးယူဖို့အချုပ်ထဲထည့်  ထားတယ်သူတို့ကို’’ ဟု ဗိုလ်မှူး ကြီးမောင်မောင်လတ်က ကျူး လွန်သူသင်တန်းသားနှစ်ဦးနှင့် ပတ်သက်၍ပြောသည်။ြ ဖစ်စဉ်အသေးစိတ်ကို သင် တန်းကျောင်းမှ နည်းပြအရာရှိ ဗိုလ်မှူးကြီးမျိုးဝင်းထံသို့ ဆက် သွယ်ရန်ပြောသည်။

‘‘ဖြစ်စဉ်ဖြစ်တဲ့ဟာကျတော့  ကျူးလွန်တဲ့လူကတော့အရေးယူ ဖို့အတွက် ဆောင်ရွက်နေဆဲဖြစ် ပါတယ်’’ ဟု ဗိုလ်မှူးကြီးမျိုးဝင်း ကပြောသည်။ ဖြစ်စဉ်ဖြစ်ပွားမှုနှင့် ကျူး လွန်သူများကို အရေးယူရန် ဆောင်ရွက်နေမှုအခြေအနေများ  မေးမြန်းရာ ဗိုလ်မှူးကြီးမျိုးဝင်း   ကသင်တန်းကျောင်းသို့လူကိုယ်  တိုင်လာရောက်မေးမြန်းရန်သာ ပြောကြားပြီး အသေးစိတ်ဖြေ ကြားခြင်းမပြုပေ။

No comments:

Post a Comment