Tuesday, May 7, 2019

လွတ်ငြိမ်းသက်သာခွင့် စာရင်းထဲမှာ ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ ပါဝင်

ဒီကနေ့ မေလ ၇ ရက်နေ့မှာ နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူတွေထဲမှာ ဒေါက်​တာအေးမောင်​နဲ့ စာရေးဆရာဝေဟင်​အောင်​တို့ မပါရှိသေးပေမယ့်​ လွတ်​မြောက်​လာမယ့်​ စာရင်းထဲမှာတော့ ပါနေတယ်​လို့ ရခိုင်​အမျိုးသားပါတီကပြောပါတယ်​။ေ လာလောဆယ်​မှာ လွတ်​မြောက်​လာခြင်းမရှိသေးပေမယ့်​ စောင့်​ကြည့်​ရဦးမှာ ဖြစ်​တယ်​လို့ ဒေါက်တာ အေးမောင်တို့ရဲ့အမှုကို လိုက်​ပါဆောင်​ရွက်​ပေးနေတဲ့ ရှေ့နေဖြစ်​သူ ရခိုင်​အမျိုးသားပါတီရဲ့ အထွေထွေအတွင်း ရေးမှူး ဦးထွန်းအောင်​ကျော်​က ပြောပါတယ်​။



ဒေါက်​တာအေးမောင်​နဲ့ စာရေးဆရာဝေဟင်​အောင်​တို့ဟာ ပုဒ်​မ ၁၇ (၁)၊ ၁၂၂ တို့နဲ့ ထောင်ဒဏ် နှစ်​ ၂၀ စီ ကျခံနေရတာဖြစ်​ပါတယ်။ လက်​ရှိ အင်းစိန်​အကျဉ်းထောင်​မှာ ရှိနေတာဖြစ်​ပြီး လုပ်​ထုံးလုပ်​နည်းတွေအရ စစ်​ဆေးမှုတွေ လုပ်​နေရတဲ့အတွက်​ မနက်​ပိုင်းလွှတ်​ပေးတဲ့အထဲမှာ ပါမလာတာ ဖြစ်​နိုင်​ကြောင်းနဲ့ ညနေပိုင်း လောက်​ထိ စောင့်​ကြည်​ရဦးမှာဖြစ်​တယ်​လို့ ဦးထွန်းအောင်​ကျော်​ကပြောပါတယ်​။

နိုင်ငံတော်သမ္မတက ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေး၊ လူသားချင်း စာနာထောက်ထားမှုကို အလေးထားတဲ့ အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ချောမွေ့အောင်မြင်စေဖို့နဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး အထောက်အကူပြုစေဖို့ အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၆၅၂၀ ဦးကို ဒီနေ့ မေလ ၇ ရက်နေ့မှာ လွှတ်ပေးလိုက်တာ ဖြစ်တယ်လို့ သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

No comments:

Post a Comment