Tuesday, May 7, 2019

ဘူဂေးရီးယားနှင့် မြောက်မက်ဆီဒိုးနီးယားသို့ ဗရင်ဂျီရဟန်းမင်းကြီးပုပ်ဖရန်စစ် ရောက်ရှိ

ဗရင်ဂျီရဟန်းမင်းကြီး ပုပ်ဖရန်စစ်သည် အော်သိုဒေါ့ခရစ်ယာန်ဂိုဏ်းတော်နှင့် ဆက်ဆံရေးတိုးမြှင့်ရန် တစ်စိတ်တစ်ဒေသရည်မှန်းလျက် ဘူဂေးရီးယားနိုင်ငံနှင့် မြောက်မက်ဆီဒိုးနီးယားသို့ သုံးရက် ကြာခရီးစဉ်ကို စတင်လိုက်ပြီဖြစ်သည်။ ရဟန်းမင်းကြီး ပုပ်ဖရန်စစ်သည် ဘူဂေးရီးယား၌ မေ ၅ ရက်က အော်သိုဒေါ့ ခရစ်ယာန် ဂိုဏ်းခေါင်းဆောင်များနှင့် တွေ့ဆုံသည်။ သို့သော်၎င်းတို့က ရဟန်းမင်းကြီး ပုပ်ဖရန်စစ်နှင့်အတူ ဝတ်ပြုဆုတောင်းပွဲတက်ရောက်ရန် ငြင်းဆန်နေဆဲ ဖြစ်သည်ဟု ဆို၏။


၁၀၅၄ ခုနှစ်တွင် ခရစ်ယာန်ဘာသာအတွင်း ရိုမန်ကက်သလစ်ခရစ်ယာန်နှင့် အော်သိုဒေါ့ ခရစ်ယာန်ဂိုဏ်း တော်တို့ ကွဲပြဲလာခဲ့ကြရာ ပြန်လည်ညီ ညွတ်ရေးအတွက် ဗာတီကန်က ကြိုးပမ်း လာခဲ့သည်မှာ ကြာပြီဖြစ်သည်။

ဘူဂေးရီးယားနိုင်ငံနှင့် မြောက် မက်ဆီဒိုးနီးယားနိုင်ငံတို့တွင် ရိုမန်ကက် သလစ်ခရစ်ယာန်ဘာသာဝင် အနည်းစုသာ ရှိသည်။

ဗရင်ဂျီရဟန်းမင်းကြီး ပုပ်ဖရန်စစ် သည် ဘူဂေးရီးယားနိုင်ငံသို့ မေ ၅ ရက်က ရောက်ရှိ လာရာ ဗရင်ဂျီရဟန်းမင်းကြီးတစ်ပါးအနေဖြင့် ဘူဂေးရီးယားသို့ ၁၇ နှစ်အတွင်း ပထမဆုံးရောက်ရှိလာခြင်းဖြစ်သည်။

No comments:

Post a Comment