Tuesday, May 7, 2019

လာဇီယိုကို အနိုင်ရပြီးနောက် အတ္တလန်တာအသင်း ချန်ပီယံလိဂ်ဝင်ခွင့် နီးစပ်လာ

အဝေးကွင်းတွင် လာဇီယို ကို နောက်မှလိုက်ကစားကာ ၃-၁ ဂိုးဖြင့် အနိုင်ရပြီး ၁၀ ပွဲ ဆက် ရှုံးပွဲမရှိအောင် စွမ်းဆောင် နိုင်ပြီးနောက် အတ္တလန်တာသည် ချန်ပီယံလိဂ်ဝင်ခွင့်ရရန် နီးစပ် လာသည်။ ယင်းရလဒ်ကြောင့် ထိပ်ဆုံး လေးသင်းစာရင်းဝင်ရောက်ရေး လာဇီယို၏ မျှော်လင့်ချက် အဆုံး သတ်ပြီး အတ္တလန်တာက ၆၂ မှတ်ဖြင့် ချန်ပီယံလိဂ်ဝင်ခွင့် နောက်ဆုံးနေရာဖြစ်သော အ ဆင့် (၄) ကို သိမ်းပိုက်နိုင်ခဲ့သည်။ သုံးပွဲကစားရန် ကျန်သေး သည့် အီတလီစီးရီးအေတွင် ချန် ပီယံဂျူဗင်တပ်က ၈၉ မှတ်၊ ဒုတိ ယနေရာမှ နာပိုလီက ၇၃ မှတ်နှင့် အင်တာမီလန်က ၆၃ မှတ်ရရှိ ထားသည်။



ထို့ကြောင့် အဆင့် (၃) (သို့ မဟုတ်) (၄) နေရာအတွက် အင် တာမီလန်၊ အတ္တလန်တာ၊ ၅၉ မှတ်ရရှိထားသော ရိုးမား၊ ၅၇ မှတ်ရထားသော တိုရီနိုနှင့် ၅၆ မှတ်ရထားသော အေစီမီလန်တို့ အပြိုင်ဖြစ်နေသည်။ ‘‘ဒီနေ့မှာ ထူးခြားဆန်းပြား တဲ့အရာတစ်ခုကို ကျွန်တော်တို့ ပိုင်ဆိုင်ခဲ့ပါတယ်’’ ဟု အတ္တလန် တာနည်းပြ ဂက်စ်ပါရီနီက ပြော သည်။

လေးကြိမ်ဆက် အီတာလီ ယာဖလား ချန်ပီယံဂျူဗင်တပ်ကို ပြိုင်ပွဲမှ ထွက်ခွာစေပြီး စီးရီးအေ တွင် နာပိုလီကို နောက်မှလိုက် ကစားကာ အနိုင်ယူခဲ့သည့် အတ္တ လန်တာသည် ယခုနှစ်၌ ဂျူဗင် တပ်မှလွဲ၍ နာပိုလီအိမ်ကွင်းတွင် အနိုင်ရသည့် တစ်ခုတည်းသော အီတလီအသင်းဖြစ်သည်။ ‘‘ကျွန်တော်တို့အတွက် တော့ ချန်ပီယံလိဂ်က ပွဲပြီးသွားပြီ လို့ ထင်ပါတယ်’’ ဟု လာဇီယို နည်းပြ အင်ဇာဂီက ပြောသည်။ မေလ ၁၅ ရက်တွင် အတ္တ လန်တာနှင့် လာဇီယိုသည် အီ တာလီယာဖလားဗိုလ်လုပွဲ ကစား ရမည်ဖြစ်သည်။

No comments:

Post a Comment