Tuesday, May 7, 2019

အေဂျက်ဇ်နှင့်ပွဲတွင် ဂိုးစသွင်းရန်လိုဟု စပါးကွင်းလယ်လူ ဆစ်ဆိုကို ပြော

 ရှေ့လာမည့် သီတင်း ပတ်သည် စပါးအသင်းအတွက် ယခုရာသီအကြီးကျယ်ဆုံး သီ တင်းပတ်ဖြစ်မည်ဟု စပါးကွင်း လယ်လူ မော်ဆာဆစ်ဆိုကိုက ပြောကြားသည်။ စပါးသည် ဗုဒ္ဓဟူးနေ့တွင် အေဂျက်ဇ်ကိုဖြတ်ကျော်နိုင်ပါက ချန်ပီယံလိဂ် ဗိုလ်လုပွဲတက် ရောက်မည်ဖြစ်ကာ တနင်္ဂနွေနေ့ တွင် ပရီးမီးယားလိဂ်၌ အဲဗာတန် ကို အနိုင်ရရှိပါက လာမည့်နှစ်ချန် ပီယံလိဂ် ကစားခွင့်သေချာမည့် ထိပ်သီးလေးသင်းစာရင်းဝင်မည် ဖြစ်သည်။
ပိုချက်တီနို၏ အဖွဲ့သားများ သည် စနေနေ့က ဘုန်းမောက်နှင့် ပွဲတွင် နှစ်ဦးထုတ်ပယ်ခံရပြီး အဝေးကွင်းခြောက်ပွဲဆက်တိုက် ရှုံးပွဲကြုံခဲ့သည်။ သို့သော် အေ ဂျက်ဇ်နှင့်ပွဲတွင် တည်ငြိမ်စွာ ကစားကာ နိုင်ပွဲရအောင်လုပ်ပြီး ခြေစွမ်းယိုင်နေမှုကို တည့်မတ်ရ မည်ဟု ဆစ်ဆိုကိုက ပြောသည်။ ‘‘ကျွန်တော်တို့အတွက်က တော့  အတတ်နိုင်ဆုံး   ဂိုးမြန် မြန်သွင်းရမယ်ဆိုတာ သိတယ်။ တစ်ဂိုးသွင်းနိုင်ရင် ပွဲက ၅၀-၅၀ ဖြစ်သွားပြီ။ အဝေးဂိုးနှစ်ဂိုးသွင်း နိုင်တယ်ဆိုရင် ဒါဟာသူတို့အ တွက် ခက်ခဲသွားပြီဆိုတာ ကျွန် တော်တို့သိတယ်’’ ဟု ဆစ်ဆိုကို က ပြောသည်။ 

No comments:

Post a Comment