Tuesday, May 7, 2019

နေ့လယ်ခင်းအမ်မီဆုရရှိသွားတဲ့ ဟန့်တာကင်း

ကယ်လီဖိုး နီးယားပြည်နယ်ပါဆာဒဲနားတွင် ပြုလုပ်သော နေ့လယ်ခင်းအမ် မီဆုပေးပွဲ (Daytime Emmys Awards)  ဆုပေးပွဲသို့ မင်းသမီး  ဟန့်တာကင်း  တက်ရောက်ပြီး  ၎င်းပါဝင်သရုပ်ဆောင်ထားသော   The Young and the Restless ဇာတ်လမ်းတွဲက အကောင်းဆုံး ဒရာမာဇာတ်လမ်းတွဲဆု ရရှိခဲ့ သည်။ ဟန့်တာသည် နေ့လယ်ခင်း အမ်မီဆုနှစ်ကြိမ်ရရှိထားသူဖြစ် ပြီး၎င်းနှင့်စေ့စပ်ထားသူ နီကိုဆဗို ဘိုဒါကလည်း ယခုပွဲတွင် နေ့ လယ်ခင်းအမ်မီဆုသိမ်းပိုက်ခဲ့ သည်။ ဟန့်တာကင်းသည် ယခုပွဲ  သို့တစ်ဦးတည်းတက်ရောက်ပြီး  ဆုပေးပွဲသို့ အစိမ်းရောင်ဝတ်စုံ၊ ညနေပါတီပွဲသို့ အဖြူရောင်ဝတ် စုံဖြင့်တက်ရောက်ခဲ့သည်။

No comments:

Post a Comment