Tuesday, May 7, 2019

လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များတွင် CNG ယာဉ်များ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရမှုများရှိခဲ့ပြီး CNG မလုံလောက်သဖြင့် YBS ယာဉ်အချို့ ပြေးဆွဲနိုင်ခြင်း မရှိကြောင်း သိရ

လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် CNG မလုံလောက်သဖြင့် ရန်ကုန်မြို့ရှိ YBS ယာဉ်အချို့ ပြေးဆွဲနိုင်ခြင်း မရှိဘဲ သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရမှုများ ဖြစ်ပေါ်နေကြောင်း YBS ယာဉ် မောင်းနှင်သူများထံမှ သိရသည်။ မဟာသင်္က࿿နြ် ကာလအပြီး ဧပြီလကုန်ပိုင်းခန့်မှ ယခုရက်ပိုင်း ကာလအတွင်း ရန်ကုန်မြို့ရှိ သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များ၌ နေ့စဉ် နံနက်အစောပိုင်းမှ စတင်ကာ သဘာဝဓာတ်ငွေ့ ဝယ်ယူရန်အတွက် နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်း နေခဲ့ရသည့်YBS ယာဉ်၊ အငှားယာဉ်များ အပါအဝင်
အခြားသော သဘာဝဓာတ်ငွေ့ အသုံးပြုမောင်းနှင်သည့် ယာဉ်များစွာ ရှိနေခဲ့ပြီး မေ ၆ ရက်တွင် သာကေတမြို့နယ် ကမာကြည်တံတားအနီးရှိ  သဘာဝဓာတ်ငွေ့အရောင်းဆိုင်၊ တောင်ဒဂုံမြို့နယ် တောင်မြောက်လမ်းဆုံ အနီးရှိ သဘာဝဓာတ်ငွေ့ အရောင်းဆိုင်နှင့် မောင်းမကန် လမ်းမတွင်ရှိသည့် သဘာဝဓာတ်ငွေ့ အရောင်းဆိုင်တို့တွင် ယာဉ်လိုင်းအချို့မှ YBS ယာဉ်များ ယာဉ်လိုင်းပြေးဆွဲခြင်း မရှိဘဲ ဓာတ်ငွေ့ဝယ်ယူရန် စောင့်ဆိုင်းနေခဲ့သည်ကို တွေ့ရသည်။

အထူးသဖြင့် မေ ၆ ရက် နံနက်ပိုင်း၌ တောင်ဒဂုံမြို့နယ် တောင်မြောက် လမ်းဆုံအနီးရှိ သဘာဝဓာတ်ငွေ့ အရောင်းဆိုင်တွင် တန်းစီ စောင့်ဆိုင်းနေသည့် YBS ယာဉ်များ၊ အငှားယာဉ်များ ပါဝင်သည့် ယာဉ်တန်းသည် အဆိုပါ ဓာတ်ငွေ့ အရောင်းဆိုင်မှ တောင်ဒဂုံမြို့နယ် မြို့ဦးစေတီ အနီးထိ ရှည်လျားစွာ တန်းစီ စောင့်ဆိုင်းနေသည်ကို တွေ့ရပြီး အခြားသော သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များတွင်လည်း အလားတူ အခြေအနေမျိုးဖြင့် တန်းစီ စောင့်ဆိုင်းမှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။


ယင်းသို့ သဘာဝဓာတ်ငွေ့ လိုအပ်ချက်အတွက် နာရီများစွာ အချိန်ယူ တန်းစီနေရသည့် အခြေအနေများကြောင့် YBS ယာဉ်များ ပြေးဆွဲနိုင်ခြင်း မရှိဘဲ ရပ်တန့်ထားရသည့် အခြေအနေထိပင် ဖြစ်ပေါ်နေကြောင်း ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

“ဒီနေ့က ဒီအတန်းက အတိုဆုံးလို့ ပြောလို့ရတယ်။ မနေ့က ဒီနေ့ထက် နှစ်ဆလောက် ရှိတယ်။ ကျွန်တော်တို့ မနက်ကတည်းက နေပြီးတော့ တန်းစီနေတာ။ အခုပဲ ၁၂ နာရီထိုးနေပြီ။ နောက်ဆုံးစီနေရင်း  Gas ကုန်သွားလို့ ရှေ့နောက် ကားတွေကို ပြောပြီး လမ်းဘေး လာထိုးထားရတယ်။ ကိုယ့်အလှည့်ရောက်မှပဲ ဝင်စီမလို့။ ကျွန်တော်တို့ တစ်လိုင်းတည်းတင် အများကြီးပဲ။ YUPT ကလည်း ကျွန်တော်တို့က ယာဉ်လိုင်းတွေ ထပ်မတိုးပါနဲ့ ဆိုတာ တိုးလိုက်တယ်။ ဒီနေ့ဆို ကျွန်တော်တို့ ယာဉ်လိုင်းက လေးခုရှိတာ လမ်းကြောင်းနှစ်ခုက မထွက်နိုင်တော့ဘူး။ ဒီမှာတင်ပဲ ကျွန်တော်တို့ဆီက အများကြီးပဲလေ။ ကျွန်တော်ဆိုလည်း မနက်ကတည်းက လာစီနေရတာ” ဟု တောင်ဒဂုံမြို့နယ်အတွင်း  ဖြတ်သန်းပြေးဆွဲနေသည့် YBS ယာဉ်လိုင်း တစ်ခုမှ ယာဉ်မောင်း တစ်ဦးက ပြောကြားသည်။

ထိုကဲ့သို့ အချိန်ကြာမြင့်စွာဖြင့် သဘာဝဓာတ်ငွေ့ တန်းစီစောင့်ဆိုင်း ဝယ်ယူနေရခြင်းမှာ အရောင်းဆိုင်များသည် ၂၄ နာရီပတ်လည် ရောင်းချမှု မရှိခြင်း၊ လျှပ်စစ်မီး ပြတ်တောက်သည့် အချိန်များတွင် သဘာဝဓာတ်ငွေ့ အရောင်းဆိုင်အချို့၌ ဓာတ်ငွေ့ရောင်းချခြင်းအား ခေတ္တရပ်ဆိုင်းထားခြင်း၊ အမှတ် ၉၇ YBS ယာဉ်လိုင်းမှ ယာဉ်မျိုးကဲ့သို့ ယာဉ်ကြီးများအား ဓာတ်ငွေ့ ဖြည့်တင်းပေးရသည့် ပမာဏများခြင်းကြောင့် တစ်စီးလျှင် နာရီဝက်ခန့် အချိန်ယူနေရခြင်း စသည့် အကြောင်းရင်းများကြောင့်ဟု YBS ယာဉ်မောင်းအချို့ က သုံးသပ်ပြောကြားသည်။

“အဓိက ကျွန်တော် ထင်တာကတော့ဗျာ။ အရင်ကဆို ဆိုင်တွေက ၂၄ နာရီ ရောင်းတယ်။ အခုက အဲဒီလို မဟုတ်ဘူး။ မနက်ဆို သူတို့ ဆိုင်ဖွင့်ချိန်တွေက ၆ နာရီဆိုပေမဲ့ တစ်ချို့က လေးနာရီလောက်ဆို စရောင်းပေးတယ်။ ည ၁၀ နာရီလောက်ထိပေါ့။ ဒါပေမဲ့ ဒီမှာမြင်တဲ့အတိုင်း ၉၇ တွေလိုမျိုးဆို သူက တစ်ခါတည်း အပြည့်ဂတ်စ်ဖြည့်ဖို့ဆို အနည်းဆုံး နာရီဝက်လောက် အချိန်ယူရတယ်။ ကျွန်တော်တို့ ကားတွေက ၁၀ မိနစ်လောက် ဆိုရပြီ။ ဒီတော့ အဲဒီမှာတင် အချိန်တွေက ပိုကုန်နေရော။ ပြီးတော့ မီးပျက်ရင် ဆိုင်တွေက မရောင်းတော့ဘူး။ ရပ်ထားရော။ အဲဒီကျ စောင့်နေတော့ပဲ။ ရောင်းတဲ့ ဆိုင်ကတော့ ရောင်းပါတယ်။ ဒါပေမဲ့ Pressure မပြည့်ဘူး” ဟု YBS ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

အလားတူ YBS ယာဉ်များကဲ့သို့ သဘာဝဓာတ်ငွေ့သုံး အငှားယာဉ်များလည်း ဓာတ်ငွေ့ ဝယ်ယူရန်အတွက် အရောင်းဆိုင်များ၌ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်း ဝယ်ယူနိုင်ရန်အတွက် တစ်နေ့တာအတွင်း အချိန်များစွာ အသုံးပြုနေရကြောင်း သိရပြီး ယင်းအခြေအနေများကြောင့် အခက်အခဲများ ဖြစ်ပေါ်လျက် ရှိသည်ဟု အငှားယာဉ်မောင်းအချို့က ပြောကြားသည်။

“အမှန်ဆို မနက်ခင်း ဒီလိုစီနေမယ့်အစား ကားလေး ဆွဲလိုက်ရရင် အုံနာခလောက် မရရင်တောင် တစ်ဝက်လောက်တော့ ရှာလို့ရသေးတယ်။ အခုလို တန်းစီနေရတော့ ကားက မဆွဲရတော့ဘူး။ အုံနာခတောင် မနည်းရှာပေတော့ပဲ။ ဒီကြားထဲ မီးပျက်လို့ဆိုပြီး ဆိုင်တွေက မရောင်းသေးရင် စောင့်နေပေါ့။ မီးစက်နဲ့ ရောင်းတဲ့ဆိုင်ကတော့ ရောင်းပါတယ်” ဟု သုဝဏ္ဏ ပေါ်ဆန်းမွှေးလမ်းရှိ သဘာဝဓာတ်ငွေ့ အရောင်းဆိုင်၌  သဘာဝဓာတ်ငွေ့ ဝယ်ယူရန် လာရောက် စောင့်ဆိုင်း တန်းစီနေသည့် အငှားယာဉ်မောင်း တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တွင် မြို့နယ်အလိုက် သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချလျက် ရှိသော်လည်း အချို့သော သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များ၏ ဓာတ်ငွေ့ရောင်းချမှုများသည် Gas Pressure  မမှန်သည့် အခြေအနေများ ရှိနေခြင်း၊ လျှပ်စစ်မီး ပြတ်တောက်ပါက ရောင်းချခြင်း မရှိတော့ခြင်း စသည့် အခြေအနေများကြောင့် ယာဉ်မောင်းများက Gas Pressure မှန်သည့် ဆိုင်များအား ရွေးချယ် ဝယ်နေရကြောင်း သိရသည်။

“ Pressure က မပြည့်ရင် ဘာဖြစ်လဲဆိုတော့ ပိုက်ဆံကတော့ အပိုတော့ မကုန်ဘူး။ ဥပမာဗျာ ၅၀ ဖိုး ဖြည့်ရင် Pressure မမှန်တဲ့ဆိုင်က ၂၀ ဖိုးလောက်ပဲ ရမယ်။ ပေးရတာကလည်း ၂၀ ပါပဲ။ ဒါပေမဲ့ မလုံလောက်တော့ နောက်တစ်ခါ လာပြန်စီပြီးရင် အချိန်တွေက ကုန်ရောလေ။ ဒီတော့ Pressure မှန်တဲ့ ဆိုင်ကိုလည်း ရွေးရသေးတယ်။ ပြီးရင် ကားတွေက ပုံနေရော။ ညအိပ်တန်းစီတဲ့ ကားတွေလည်း ရှိတာကိုး။ ဒီလိုမှ မစီလည်း မရဘူးလေ။  Pressure မှန်တော့ ၅၀ လိုလို့ ၅၀ ဖြည့်ရင် ၅၀ ရသွားတော့ နောက်တစ်ခေါက် တန်းလာစီစရာ မလိုတော့ဘူးလေ” ဟု ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

ယင်းအပြင် Gas Pressure မပြည့်သည့် အခြေအနေကို ကြုံတွေ့နေရခြင်းကြောင့် အချို့သော YBS ယာဉ်များတွင် လေအေးပေးစက် ဖွင့်ပေးနိုင်ရန်အတွက် လုံလောက်သည့် ဓာတ်ငွေ့ပမာဏ မရှိခြင်း၊ လိုအပ်သည့် ပမာဏရရှိရန်အတွက် အချိန်ထပ်ပေးရခြင်း စသည့် အခက်အခဲများလည်း ရှိနေကြောင်း သိရပြီး သဘာဝဓာတ်ငွေ့ အရောင်းဆိုင်တစ်ဆိုင်နှင့် တစ်ဆိုင်တွင်လည်း ဈေးနှုန်းကွဲပြားမှုများ ရှိနေကြောင်း သိရသည်။

“ ကျွန်တော်တို့ Pressure မပြည့်တော့ air con ဖွင့်လို့ မရတော့ဘူး။ ဂက်စ်က မလောက်တော့ဘူးလေ။ ချိန်ပြီး မောင်းနေရတာကိုး။ ခရီးသည်တွေကလည်း မဖွင့်ရင် ပြောကြတယ်။ အမှန်က ကျွန်တော်တို့လည်း ဖွင့်ချင်ပါတယ်။ ပြီးတော့ ဈေးနှုန်းတွေက ကျွန်တော်တို့ ဒီဆိုင်မှာဆို နှစ်သောင်းခွဲ ကျမယ်ဆိုရင် ဟိုဘက်ဆိုင်မှာ ဒီပမာဏရဖို့ လေးသောင်းလောက် ကုန်မှရမယ်။ အဲဒီတော့ ဆိုင်ကလည်း ရွေးရတယ်”ဟု YBS ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း မကြာခဏ လျှပ်စစ်မီး ပြတ်တောက်မှုများ ရှိနေခြင်းများကြောင့် သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များတွင် ဓာတ်ငွေ့ ရောင်းချမှုများ ခေတ္တရပ်တန့်ထားရသည့် အခြေအနေများ ဖြစ်ပေါ်နေသော်လည်း ရန်ကုန်မြို့၏ လျှပ်စစ်မီး ဖြန့်ဝေမှုစနစ်တွင် လူနေ ရပ်ကွက်များအတွင်း ဖြန့်ဝေပေးမှုနှင့် သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များအကြား ဖြန့်ဝေပေးမှုစနစ် ကွဲပြားကြောင်း  YESC-Call Center  က ゞင်းတို့အား ဆက်သွယ် မေးမြန်မှုကို ဖြေကြားသည်။

“လူနေရပ်ကွက်နဲ့ CNG ဆိုင်တွေ မီးပေးတာက သတ်သတ် ခွဲထားပါတယ်။ ဘယ်လို ခွဲထားတယ် ဆိုတာကိုတော့ လူကြီးတွေကို မေးပြီး ကျွန်မတို့ YESC-Call Center Page မှာ တင်ပေးပါမယ်။ ဘယ်အချိန် တင်ပေးမယ် ဆိုတာကိုတော့ လူကြီးတွေကို မေးလိုက်ပါမယ်” ဟု YESC-Call Center မှ တာဝန်ရှိသူ တစ်ဦးက ဖြေကြားသည်။

သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များတွင် ယာဉ်များ တန်းစီ စောင့်ဆိုင်းနေရသည့် အခြေအနေများကြောင့် Omni Focus – YBS ကုမ္ပဏီက ゞင်းတို့၏ ယာဉ်လိုင်းများ ဖြစ်သည့် အမှတ် ၂၀၊ အမှတ် ၈၃၊ အမှတ် ၉၈ နှင့် အမှတ် ၉၉ ယာဉ်လိုင်းများတွင် အချိန်အနည်းငယ်ခန့် ကားဆက်ပြတ်ခြင်း၊ အချိန်အနည်းငယ် ကြာမြင့်နိုင်သည့် အခြေအနေများ ဖြစ်ပေါ်နိုင်ကြောင်း မေ ၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်ကို တွေ့ရပြီး ယင်းကဲ့သို့ အလားတူ အခြေအနေမျိုးအား အမှတ် ၇ YBS ယာဉ်လိုင်းတွင်လည်း ကြုံတွေ့နေရသည်ဟု အဆိုပါ ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

No comments:

Post a Comment