Tuesday, May 7, 2019

နောက်မဆုတ်တဲ့အမေရိကန်တပ်ဖွဲ့တွေနဲ့ ရင်ဆိုင်ရမယ်လို့ အမေရိကန်က အီရန်ကိုသတိပေး

အီရန်ကိုဟန့်တားတဲ့အနေနဲ့ လေယာဉ်တင် သင်္ဘောအုပ်စုနဲ့ ဗုံးကြဲလေယာဉ်တွေကို အရှေ့အလယ်ပိုင်းကို စလွှတ်လိုက်ပြီလို့ အမေရိကန်နိုင်ငံ့လုံခြုံရေးအကြံပေး ဂျွန်ဘိုလ်တန်ကေ ကြညာလိုက်ပါတယ်။ မစ္စတာ ဘိုလ်တန်က USS Abraham Lincoln Carrier Strike Group လေယာဉ်တင် သင်္ဘောအုပ်စုနဲ့ တိုက်လေယာဉ်အဖွဲ့ တစ်ဖွဲ့ကို အဲဒီဒေသကို စေလွှတ်လိုက်ပြီ ဖြစ်ကြောင်း ယမန်နေ့က ကြေညာချက်တစ်စောင်မှာ ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။


အခုလို ပို့ဆောင်လိုက်တာဟာ အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့ အမေရိကန်ရဲ့ မဟာမိတ်တွေကို ဘယ်လိုတိုက်ခိုက်မှုမျိုးမဆို ပြုလုပ်ခဲ့ရင် နောက်မဆုတ်တဲ့ အမေရိကန်တပ်ဖွဲ့တွေနဲ့ ရင်ဆိုင်ရမယ် ဆိုတဲ့ ယုံမှားဖွယ်မရှိတဲ့ သတင်းစကားကို အီရန်အစိုးရကို အသိပေးလိုက်တာဖြစ်တယ်လို့ အမေရိကန်က ဆိုပါတယ်။

အမေရိကန်အနေနဲ့ အီရန်အစိုးရနဲ့ စစ်ဖြစ်ဖို့ လုပ်ဆောင်တာ မဟုတ်ဘူးလို့လည်း အဲဒီ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မကြာသေးခင် သီတင်းပတ်တွေက သမ္မတ ထရမ့်ရဲ့ အမေရိကန် အစိုးရက အီရန်အစိုးရအပေါ် ဖိအားတွေပေးခဲ့ပြီး အခုကြေညာချက် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

No comments:

Post a Comment