Tuesday, May 7, 2019

ရပ်တန့်နေသည့် ပြည်နယ်အဆင့်ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် အစိုးရနှင့် KNPP သဘောတူ

၂၀၁၈ နှစ်ကုန်ပိုင်းက တည်းက ရပ်တန့်နေသည့်ပြည် နယ်အဆင့် ဆွေးနွေးပွဲများပြန် လည်စတင်ရန် အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာန (NRPC)၊ ကယား ပြည်နယ်အစိုးရနှင့် ကရင်နီအမျိုး သားတိုးတက်ရေးပါတီ(KNPP) တို့၏ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ၌ သဘောတူညီခဲ့သည်။ ကယားပြည်နယ် လွိုင်ကော် မြို့၌ မေလ ၆ ရက်ကကျင်းပ သည့် ယင်းဆွေးနွေးပွဲတွင် ပြည် နယ်အဆင့်လစဉ်ပုံမှန်အစည်းအ ဝေးများ ပြန်လည်ကျင်းပနိုင်ရေး၊ ဒေသတွင်းဖွံ့ဖြိုးရေး၊ ပညာရေး နှင့် ကျန်းမာရေးကိစ္စများဆွေး နွေးခဲ့ကြောင်း KNPP ပြောရေးဆို ခွင့်ရှိသူ နဲနယ်ပလိုးကပြောသည်။



‘‘ပြည်နယ်အဆင့် လစဉ်ပုံ မှန်အစည်းအဝေးက အောက်တို ဘာကတည်းကနေ မဖြစ်ခဲ့ဘူး ပေါ့။ အဲဒီကတည်းက ရပ်သွားတဲ့ အတွက်ကြောင့် အဲဒါကိုပုံမှန် ကျင်းပနိုင်ဖို့အတွက်၊ ကျင်းပတဲ့ အခါမှာလည်း ထိထိရောက် ရောက်ကျင်းပနိုင်ဖို့အတွက် ဆွေး နွေးခဲ့ကြတာ’’ဟု ၎င်းကဆိုသည်။

လစဉ်ပုံမှန်အစည်းအဝေး များ ကျင်းပရာတွင်အသုံးပြုရ မည့်လုပ်ငန်းလမ်းညွှန်များကိုရေး ဆွဲသဘောတူညီခဲ့ကြောင်း၊ က ယားပြည်နယ်အစိုးရနှင့် KNPP တို့၏ လစဉ်ပုံမှန်အစည်းအဝေး ကို ယခုမေလမကုန်မီ ပြန်လည် စတင်မည်ဖြစ်ကြောင်း နဲနယ်ပ လိုးက ပြောသည်။

‘‘KNPP အနေနဲ့ ထူးခြား တာတွေရှိတယ်။ NCA မထိုးရ သေးပေမယ့် တစ်လတစ်ခါဆွေး နွေးပွဲတွေလုပ်ဖို့ သူ့မှာအခွင့်အ ရေးတွေရခဲ့တယ်။ အဲဒါကလည်း ၂၀၁၈ ဧပြီလတုန်းက ဒီမှာလာ ဆွေးနွေးတုန်းက ရခဲ့တာ။ ဒါပေ မဲ့ သူတို့အနေနဲ့အကြောင်း ကြောင်းကြောင့် ခြောက်ခါ လောက်လုပ်ပြီးတော့ ဒီဆွေးနွေး ပွဲတွေ ထပ်မလုပ်ဖြစ်ဘူး။ အဲဒါ တွေ လုပ်နိုင်ဖို့ကိစ္စပေါ့’’ ဟု NRPC ကိုယ်စားလှယ်ဦးလှမောင် ရွှေက ပြောသည်။

ယခုဆွေးနွေးပွဲတွင် NRPC လာရောက်ခြင်းသည် ယုံကြည်မှု တည်ဆောက်ရန်ဖြစ်ကြောင်း၊ NRPC နှင့် KNPP  နေပြည်တော် တွင် ထပ်မံတွေ့ဆုံရန်ရှိကြောင်း ၎င်းကပြောသည်။ ‘‘NCA ထိုးနိုင်ဖို့ကိစ္စကိုတော့ တိုက်ရိုက်ကြီး အများကြီးမဆွေး နွေးပေမယ့် အမြန်ဆုံးထိုးနိုင်ရင် တော့ ပိုပြီးတော့ကောင်းတယ်ဆို တာလောက်ပဲရှိတယ်။ ဒါက လည်း သူတို့ဘက်ကအားရကျေ နပ်မှုရှိတယ်၊ ယုံကြည်မှုရှိတယ် လို့ ပြောတဲ့အတွက်တော့ သိပ် မကြာမီဖြစ်လာမယ်လို့ မျှော်လင့် ပါတယ်’’ ဟု ဦးလှမောင်ရွှေက ပြောသည်။

KNPP ကိုယ်စားလှယ် နဲနယ်ပလိုးက ‘‘ဆွေးနွေးမှုထဲမှာ တော့ NCA လက်မှတ်ရေးထိုးနိုင် ရေး ညှိနှိုင်းရမယ့်အပိုင်းတွေ၊ ပြေ လည်မှုရဖို့အပိုင်းတွေလည်း ကျွန် တော်တို့တခြားကိစ္စပြောရင်းနဲ့ ပါ လာတာမျိုးရှိတာပေါ့’’ ဟု ပြော သည်။ NRPC၊ တပ်မတော်ညှိနှိုင်း ရေးအဖွဲ့နှင့် ထပ်မံတွေ့ဆုံရန်ရှိ ကြောင်း၊ NCA ထိုးနိုင်ရေးကိစ္စ သည် လာမည့်ဆွေးနွေးပွဲများတွင် ပြေလည်မှုရရှိမှုရှိ၊ မရှိအပေါ် မူ တည်ကြောင်း ၎င်းကဆိုသည်။

No comments:

Post a Comment