Tuesday, May 7, 2019

အောက်ခြေက အလုပ်မလုပ်သေးဟု ၀န်ကြီးဟောင်းဦးဆန်းဆင့်ပြော

Image may contain: 2 people, people sitting and people standingမြေသိမ်းခံလယ်သမားများအတွက် နိုင်ငံတော်အကြီးအကဲများက ပြန်ကြည့်နေပြီဆိုသော်လည်း အောက်ခြေကတော့ အလုပ်မလုပ်သေးကြောင်း သာသနာရေးဝန်ကြီးဟောင်းဦးဆန်းဆင့်မှ ပြောဆိုလိုက်သည်။ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဆွာမြို့၌ ပြုလုပ်သည့် မန်မာနိုင်ငံလုံးဆိုင်ရာ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ၏ သတင်းစာရှင်းလင်းပွဲတွင် သမဂ္ဂနာယကကြီးအနေဖြင့် နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။


င်္ံ'ခင်ဗျားတို့နဲ့လက်တွဲပြီး အစိုးရကိုကူညီမယ်လို့ ဒေါက်တာအောင်သူကိုပြောခဲ့ပါတယ်။ သူတို့တာဝန်ဝန်ရှိသူတွေကလည်း အမှုတွေကို ဥပဒေနဲ့အညီအမြန်ဆုံးရှင်းလင်းပေးရန် ညွှန်ကြားထားတယ်လို့ပြောပါတယ်။ ဒါကိုကြည့်ရင် နိုင်ငံတော်အကြီးအကဲတွေကတော့ လယ်သမားတွေဘက်ပြန်ကြည့်နေပါပြီ။ ဒါပေမယ့် အောက်ခြေကတော့ အလုပ်မလုပ်သေးပါဘူး' ဟု ဦးဆန်းဆင့်က ပြောဆိုသည်။

သတင်းစာရှင်းလင်းပွဲကို ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတို့မှ လယ်မြေသိမ်းခံထားရသည့် လယ်သမား ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး၎င်းတို့ရင်ဆိုင်နေရသည့် အမှုများအား တင်ပြခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment