Tuesday, May 7, 2019

ရေဖြူမြို့နယ်၌ တူမီးသေနတ် ၇၆ လက် သိမ်းဆည်းထားရှိ

မေလ ၃ ရက်နေ့ ထားဝယ်ခရိုင် ရေဖြူမြို့နယ်၊ ကံပေါက်နယ်မြေ ရဲစခန်း ရဲတပ်ဖွဲ့ ဝင်များသည် နတ်ကြီးစင်ကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ရဲစခန်းပိုင် နယ်မြေအတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ ကျေးရွာသားများအား တူမီးသေနတ်များ ကိုင်ဆောင်ခြင်း မပြုရန်၊ အပ်နှံကြရန်၊ အပ်နှံခြင်းမရှိဘဲ ကိုင်ဆောင်ပါက ဥပဒေအရ အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရှင်းလင်းစည်းရုံးဟောပြောခဲ့ပြီး မေလ ၅ ရက်နေ့ ၁၁၃၀ အချိန် အ.လ.က.တွဲ (နတ်ကြီးစင်) ၌ နတ်ကြီးစင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးညီညီနှင့် ပြည်သူ့စစ်ခေါင်းဆောင် ဦးစန်းမြင့်(ခ)ဦးခေါင်းတုန်း တို့မှ တူမီးသေနတ် ၇၆ လက်အား ရဲအုပ် ဝင်းမြင့်ထံ အပ်နှံခဲ့သဖြင့် ကံပေါက်နယ်မြေရဲစခန်း လက်နက် တိုက်တွင် သိမ်းဆည်း ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။

No comments:

Post a Comment