Tuesday, May 7, 2019

အမေရိကန်၊ ဆွစ်ဇာလန် ပညာရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ Myanmar Strategic Holdings က နိုင်ငံတကာကျောင်းဖွင့်မည်

အမေရိကန်၊ ဆွစ်ဇာ လန်ပညာရေးအဖွဲ့အစည်းများ နှင့် Myanmar Strategic Holdings (MSH)ကုမ္ပဏီတို့ပူးပေါင်း ကာ Yangon American International School ကို ယခုလအ တွင်းဖွင့်လှစ်မည်ဟု MSH က မေ လ ၆ ရက်တွင် သတင်းထုတ်ပြန် သည်။ Yangon American International School (Yangon American)ကို မူလတန်းမှ အ ထက်တန်းအထိ သင်ကြားနိုင် သည့် နိုင်ငံတကာကျောင်းအဖြစ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မ ရှင်က ခွင့်ပြုထားပြီး မေလက စကာ အသက်(၂)နှစ်မှ (၈)နှစ် အရွယ်ကလေးများအတွက် ကျောင်းစဖွင့်မည်ဟု MSH က ကြေညာသည်။

ရန်ကုန်-အင်းစိန်လမ်းမ ပေါ် (သဇင်လမ်းအနီး)လှိုင်မြို့ နယ်တွင် Yangon American International School ကိုဖွင့်လှစ် မည်ဖြစ်ပြီး စာသင်ခန်းတိုင်း၌ သင်ကြားရေးအထောက်အကူပြု Smart Board နှင့် Tablet များ ထားရှိခြင်း၊ အားကစားလှုပ်ရှားမှု မျိုးစုံပြုလုပ်နိုင်သော အားကစား ခန်းမ၊ အသက်အရွယ်အလိုက် သင့်လျော်မှုရှိသည့် ကစားကွင်း များ၊ ဘက်စုံသုံးခန်းမကျယ်တစ် ခု၊ စာကြည့်တိုက်နှင့် သင်ကြား ရေးအထောက်အကူပြုစင်တာ တစ်ခုတို့ ထားရှိမည်ဟုကြေညာ ထားသည်။

မူလတန်းကြိုနှစ်များ (အ သက်(၂)နှစ်မှ (၅)နှစ်အထိ)၊ မူ လတန်းနှစ်များ (အသက်(၅)နှစ်မှ (၁၁)နှစ်အထိ)၊ မူလတန်းလွန်နှစ် များ (အသက်(၁၁)နှစ်မှ (၁၈)နှစ် အထိ)အတွက် အမေရိကန်၊ ဆွစ်ဇာလန်ပညာရေးအဖွဲ့အ စည်းများဖြစ်သည့် Western Association of Schools and Colleges နှင့် International Baccalaureate တို့မှ သင်ရိုးညွှန်း တမ်းများဖြင့် သင်ကြားမည်ဖြစ်ပြီး ကျောင်းစဖွင့်ချိန်တွင် (၂)နှစ်မှ (၈)နှစ်အရွယ် ကလေးများအ တွက်သာ ကျောင်းအပ်လက်ခံ မည်ဟု MSH က သတင်းထုတ် ပြန်သည်။

MSH ၏ ပထမဆုံးနိုင်ငံတ ကာကျောင်းကို ကန်ဒေါ်လာတစ် သန်း အကုန်အကျခံတည် ဆောက်မည်ဟု Yangon American International School တည်ထောင်မည့်စီမံချက်တွင် ဖော်ပြထားသည်။

‘‘မြန်မာနိုင်ငံသားတွေရဲ့ ပို ကောင်းတဲ့အနာဂတ်အတွက် နိုင် ငံတကာအဆင့်မီတဲ့ပညာရေးကို ပေးဖို့ကျောင်းကို ဖွင့်တာပါ။ ရန် ကုန်မှာ ပထမဆုံးကျောင်းဖွင့်ပြီး မန္တလေး၊ နေပြည်တော်လိုအထင် ကရမြို့တွေမှာ ကျောင်းတွေဆက် ဖွင့်ဖို့ရှိပါတယ်’’ ဟု MSH ၏ မိတ် ဖက် Jonathan Kolb က ပြော ကြားထားသည်။ လက်ရှိတွင် MSH သည် မြန်မာနိုင်ငံတစ်ဝန်း၌Wall Street English သင်တန်းကျောင်း ၁၀ ခု ဖွင့်လှစ်ထားပြီး Auston College Myanmar ပုဂ္ဂလိကကျောင်းအ တွက် Auston Institute of Management နှင့် အကျိုးတူပူး ပေါင်းနေသည်။

No comments:

Post a Comment