Tuesday, May 7, 2019

သမ္မတ၏လွတ်ငြိမ်းခွင့်ဖြင့် သရုပ်ဆောင် မိုးအောင်ရင် လွတ်မြောက်

မြန်မာနှစ်သစ်ကူးကာလ နိုင်ငံတော်သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်အဖြစ် အကျဉ်းသားတွေကို မေ(၇)ရက်က တတိယ အကြိမ် လွတ်ငြိမ်းခွင့်ပေးရာမှာ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ သရုပ်ဆောင် မိုးအောင်ရင်လည်း ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ သရုပ်ဆောင် မိုးအောင်ရင်ကို (၂၀၁၈)ခုနှစ် နိုဝင်ဘာ(၂၆)ရက်က ပုဇွန်တောင်မြို့နယ် တရားရုံးက မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိ သုံးစွဲမှု ပုဒ်မတွေနဲ့ အလုပ်နဲ့ထောင် ဒဏ် (၅) နှစ်၊ အလားတူပဲ ဒီဇင်ဘာ (၁၂)ရက်မှာ အရှေ့ပိုင်းခရိုင်တရားရုံးက မူးယစ်ဆေးဝါးလက်ဝယ်တွေ့ ရှိမှု ပုဒ်မ-၁၉(က)နဲ့ အလုပ်နဲ့ ထောင်ဒဏ် (၁၂) နှစ် ချမှတ်ခဲ့တဲ့အတွက် စုစုပေါင်း ထောင်ဒဏ် (၁၇) နှစ်ကျခံ နေရတာဖြစ်ပါတယ်။



မြန်မာနှစ်သစ်ကူးကာလအတွင်း အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသူ၊ အကျဉ်းသား အသီးသီးကို စိစစ်ပြီး နိုင်ငံတော်သမ္မတအမိန့်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့် သုံးကြိမ်ပြုလုပ်ခဲ့ရာမှာ နှစ်ဆန်း တစ်ရက်နေ့က နိုင်ငံသား အကျဉ်းသူ၊ အကျဉ်းသား (၉၅၀၀)ကျော်၊ ဒုတိယအကြိမ် ဧပြီ (၂၆) ရက်က (၆၉၀၀) ကျော်နဲ့ အခု တတိယ အကြိမ်မှာတော့ အကျဉ်းသား၊ အကျဉ်းသူ (၆၅၂၀)ကို ပြန်လွှတ်ပေး လိုက်တာဖြစ်ပါတယ်။

No comments:

Post a Comment