Tuesday, May 7, 2019

လောင်းကစားဥပဒေကြမ်းအတည်ပြု၊ ကာစီနိုရုံများ တည်ထောင်ခွင့်ရတော့မည် သမ္မတပြင်လိုသည့်အချက်များအနက် တစ်ချက်သာ လွှတ်တော်လက်ခံ

 ပြည်ထောင်စု လွှတ်တော်က အတည်ပြုထား သည့် လောင်းကစားဥပဒေကြမ်း တွင် အချက်ငါးချက် ပြန်လည် ပြင်ဆင်သင့်ကြောင်း သမ္မတက လွှတ်တော်သို့ သဘောထားပေးပို့ ရာ ပြည်ထောင်စုလွှတ်တော်က တစ်ချက်သာပြင်ဆင်၍ ယမန်နေ့ တွင် အတည်ပြုခဲ့သည်။ြ ပည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ က သမ္မတ၏ သဘောထားမှတ် ချက်များအနက် တစ်ချက်သာပြင် ဆင်သင့်ကြောင်း အစီရင်ခံစာ တင်သွင်းပြီး လွှတ်တော်ကကော် မတီ တင်ပြချက်အတိုင်း ဆုံး ဖြတ်ခြင်းဖြစ်သည်။



 လွှတ်တော်က အတည်ပြု ထားသည့် လောင်းကစားဥပဒေ ကြမ်းတွင် ကာစီနိုရုံ တည်ထောင် ဖွင့်လှစ်ခွင့်ကို ပြည်ထောင်စုအစိုး ရအဖွဲ့ရုံးဝန်ကြီးဌာနက စိစစ်ခွင့် ပြုနိုင်စေရန် စကားရပ်ဆိုင်ရာ ဖော်ပြချက်လေးချက် ပြင်ဆင် ဖော်ပြရန် နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သဘောထားမှတ် ချက် ပေးပို့ခြင်းဖြစ်သည်။

ယင်းငါးချက်အနက် စကား ရပ်ဖြည့်စွက်ပြဋ္ဌာန်းရန် အကြံပြု ချက်တစ်ချက်တည်းသာ လွှတ် တော်က လက်ခံအတည်ပြုပြီး ကျန်အချက်များကိုမူ ပြင်ဆင် ခြင်းမရှိဘဲ မူလအတိုင်းထားရှိ၍ ဥပဒေကြမ်းကို အတည်ပြုခြင်း ဖြစ်သည်။

လွှတ်တော် အတည်ပြုချက် အရ ‘ပြည်ထောင်စုအစိုးရအဖွဲ့ သည် ကာစီနိုတည်ထောင်ခြင်း၊ ဖွင့်လှစ်ခြင်းကို သတ်မှတ်ချက် များနှင့် စိစစ်ခွင့်ပြုနိုင်သည်’ ဟု ဖော်ပြထားသည်။ ယင်းပြဋ္ဌာန်း ချက်တွင် ‘ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးဝန်ကြီးဌာနသည် ပြည် ထောင်စုအစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့်’ ဟု ပြင်ဆင်ရန် သမ္မတက မှတ်ချက်ပြုသော်လည်း လွှတ်တော်က မူလအတိုင်းသာ ထားရှိရန်ဆုံးဖြတ်သည်။

လက်ရှိ လွှတ်တော်က ၁၉၈၆ လောင်းကစားဥပဒေကို ရုပ်သိမ်း၍ အသစ်ပြန်လည်ရေး ဆွဲကာ ပြည်သူ့လွှတ်တော်တွင် စတင်ဆွေးနွေးခဲ့သည်။ ယင်းဥပ ဒေအရ နိုင်ငံခြားသားများလောင်း ကစားနိုင်သော ကာစီနိုရုံများ ဖွင့် လှစ်တည်ထောင်မှုကို ခွင့်ပြုထား သည်။

သို့သော် လက်ရှိတွင် ဥပဒေ အတည်ပြုချက်သာရှိပြီး အသေး စိတ်ဆောင်ရွက်နိုင်ရန် နည်းဥပ ဒေ၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများ ဆက်လက်ရေးဆွဲ ပြဋ္ဌာန်းနိုင်ရေး သက်ဆိုင်ရာဝန် ကြီးဌာနများက ဆောင်ရွက်နေ ကြောင်း ဥပဒေကြမ်း ပူးပေါင်း ကော်မတီဝင် ဦးနေမျိုးထွန်းက ရှင်းပြသည်။

‘‘သိရသလောက်ကတော့ စင်ကာပူမှာရှိတဲ့ ဥပဒေတွေကို နမူနာယူပြီးတော့ ရေးနေပါ တယ်။ လက်ရှိက ရှေ့နေချုပ်ရုံး ကို အကြံပြုချက်တောင်းနေပြီ။ နောက်ပိုင်းဆိုရင် တရားဝင်လုပ် ကိုင် ခွင့်ပြုလိုက်တဲ့အတွက် နိုင်ငံ တော်ဘဏ္ဍာလည်း ရသွားမှာ ပေါ့’’ ဟု ၎င်းက ပြောသည်။ အဆိုပါဥပဒေကြမ်းကိုပြည်  ထောင်စုလွှတ်တော်က အတည် ပြုပြီဖြစ်၍ သမ္မတကလက်မှတ် ရေးထိုးသည်ဖြစ်စေ၊ မထိုးသည် ဖြစ်စေ ခုနစ်ရက်အတွင်း ဥပဒေ တစ်ရပ် ဖြစ်လာမည်ဖြစ်သည်။

No comments:

Post a Comment