Tuesday, May 7, 2019

နေပြည်တော်၌ ယနေ့ကျင်းပမည့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်

ဘာသာပေါင်းစုံ ခေါင်း ဆောင်များ ဦးစီးကျင်းပမည့် ငြိမ်း ချမ်းရေးဆွေးနွေးပွဲကို နေပြည် တော်၌ ယနေ့ (မေလ ၇ ရက်) တွင် ကျင်းပမည်ဖြစ်ရာ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက် ရောက်မည်ဖြစ်ကြောင်း ငြိမ်းချမ်း မေတ္တာအဖွဲ့မှ ဦးအေးလွင်က ပြောသည်။ေ မလ ၈ ရက်အထိ နှစ်ရက် ကြာ ကျင်းပမည့် ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေ သော မတူညီကွဲပြားမှုများနှင့် သမားရိုးကျ စိန်ခေါ်မှုများဆိုင်ရာ ကဏ္ဍ၊ ပညာရေးကဏ္ဍ၊ တိုင်းရင်းသားလူနည်းစုများအတွက် တန်း တူရေးနှင့် တာဝန်ယူ တာဝန်ခံမှု ဆိုင်ရာကဏ္ဍ၊ အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် တန်းတူပါဝင်ခွင့်ဆိုင်ရာကဏ္ဍ၊ လူငယ်များ ထိတွေ့ဆက်ဆံရေး နှင့် ကာကွယ်စောင့်ရှောက်ရေး ကဏ္ဍတို့ကို ဆွေးနွေးမည်ဖြစ် သည်။



‘‘မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးဖြစ်ဖို့ရယ်၊ ငြိမ်းချမ်းရေးတွေ ဖြစ်ထွန်းလာဖို့ အတွက်ရယ်ကို ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ကနေပြီးတော့ ဘာသာရေးခေါင်းဆောင်များရဲ့ အခန်းကဏ္ဍကနေပြီးတော့ တစ် တပ်တစ်အား ငြိမ်းချမ်းရေးနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေး မှာ ဘယ်လိုပါဝင်နိုင်မလဲဆိုပြီး ဝင်ပြီးတော့ ဆောင်ရွက်တာပေါ့’’ဟု ဦးအေးလွင်က ပြောသည်။

ဆွေးနွေးပွဲသို့ အစိုးရ၊ တပ် မတော်၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီ များမှ တာဝန်ရှိသူများအပါအဝင် အလွှာပေါင်းစုံမှ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး တာဝန်ရှိသူများကို ဖိတ်ကြားထားကြောင်း ၎င်းက ဆိုသည်။

‘‘ပါဝင်ပတ်သက်သူအားလုံး လွတ်လပ်သော ဝန်းကျင်တစ်ခု မှာ သူတို့ရဲ့ အကြံဉာဏ်တွေ၊ အယူအဆတွေ၊ ရှုထောင့်တွေ တင်ပြမယ်ပေါ့။ အဲဒီထဲက တင် ပြချင်တာတွေကို စုစည်းပြီးတဲ့ အခါမှာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးကလည်း အကောင်အထည် ဖော်တာတွေဖော်မယ်၊ ပေါ်လစီ မူချမှတ်တဲ့ နိုင်ငံတော်ကိုလည်း ကျွန်တော်တို့က ဒီအကြံပြုချက် တွေ တင်ပြမယ်’’ဟု ဦးအေးလွင် က ပြောသည်။ ယခု ဘာသာပေါင်းစုံ ငြိမ်း ချမ်းရေးဆွေးနွေးပွဲကို ၂၀၁၈ နိုဝင်ဘာက ပထမအကြိမ် ကျင်းပခဲ့သည်။ ဘာသာပေါင်းစုံ ငြိမ်း ချမ်းရေးဆွေးနွေးပွဲကို လေးကြိမ် ပြုလုပ်ရန် လျာထားပြီး အကြံပြု ချက်များ တင်ပြခြင်းကို ဆွေးနွေး ပွဲလေးကြိမ်စလုံး ကျင်းပပြီးမှ တင်ပြမည်ဖြစ်သည်။ ယခင်နှစ်က နေ ပြည်တော်၌ ကျင်းပခဲ့သည့် ဘာ သာပေါင်းစုံ ငြိမ်းချမ်းရေးဆွေး နွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကရင်အမျိုးသားအစည်း အရုံး (KNU)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့ တက်ရောက် ခဲ့သည်။

No comments:

Post a Comment