Tuesday, May 7, 2019

ရခိုင်အရေး နိုင်ငံတကာအဆင့်ရောက်ရန် ဘင်္ဂလားဒေ့ရှ်လုပ်ဆောင်မှု လက်မခံကြောင်း နိုင်ငံခြားရေးအမြဲတမ်းအတွင်းဝန်ပြော

 နေရပ်စွန့်ခွာသူများ အရေးကို ဒေသဆိုင်ရာကိစ္စမှ နိုင်ငံတကာအဆင့် ရောက်ရှိစေ ရန် ဆောင်ရွက်နေသည့်ဘင်္ဂလား ဒေ့ရှ်၏လုပ်ဆောင်မှုများကိုလက် မခံကြောင်း  နိုင်ငံခြားရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန်ဦးမြင့် သူက ပြောကြားသည်။ေ နရပ်စွန့်ခွာသူများ ပြန် လည်လက်ခံရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍  ပြီးခဲ့သည့် မေလ ၃ ရက်တွင် နေပြည်တော် နိုင်ငံခြား ရေးဝန်ကြီးဌာန၌ မြန်မာ-ဘင်္ဂ လားဒေ့ရှ် နှစ်နိုင်ငံပူးတွဲလုပ်ငန်း ကော်မတီအစည်းအဝေး ပြုလုပ် ရာ ဦးမြင့်သူက ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့ကို ယင်းသို့ သတင်းစကားပါးခဲ့ခြင်း ဖြစ် သည်။



‘‘ကျွန်တော်တို့ဘက်က နှစ် နိုင်ငံအစီအမံနဲ့ ပြန်လက်ခံမယ်။ အချိန်မရွေးပြန်ပြီးလက်ခံဖို့ အ ဆင်သင့်ရှိတယ်ဆိုတာ ထပ်ပြော ပါတယ်’’ဟု ဦးမြင့်သူက 7Day Daily သတင်းစာအားပြောသည်။

အထက်ပါ မြန်မာ-ဘင်္ဂ လားဒေ့ရှ် နှစ်နိုင်ငံပူးတွဲလုပ်ငန်း ကော်မတီအစည်းအဝေးတွင် နေ ရပ်စွန့်ခွာသူများ ပြန်လာမည့် ရက်ကို ဘင်္ဂလားဒေ့ရှ်ကအသိပေး ခြင်းမရှိသဖြင့် သတ်မှတ်ရက်ကို ထည့်သွင်းဆွေးနွေးနိုင်ခြင်း မရှိ ပေ။ ထို့အတွက် ပြန်လည် လက်ခံရေးလုပ်ငန်းစဉ် စတင် မည့်ရက်ကို မခန့်မှန်းနိုင်သေးပေ။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ် နိုင်ငံ သဘောတူထားသော Physical Arrangement အရ မြန်မာအစိုးရက ပြန်လာမည့်သူ များကို စိစစ်လက်ခံရန်ဖြစ်ပြီး စိ စစ်ပြီးသားစာရင်းနှင့် ပြန်လာရက် ကို ဘင်္ဂလားဒေ့ရှ်က အကြောင်း ပြန်ရမည်ဖြစ်ကြောင်း ဦးမြင့်သူ က ရှင်းပြသည်။

နှစ်နိုင်ငံကိုယ်စားလှယ်အ ဖွဲ့တွေ့ဆုံမှုတွင် ဘင်္ဂလားဒေ့ရှ်က  နေရပ်စွန့်ခွာသူများ ပြန်လာနိုင် ရေး မြန်မာအစိုးရအနေဖြင့် အုပ် ချုပ်ရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာလုပ် ထုံးလုပ်နည်းများကို ဖြေလျှော့ ပေးရန် တောင်းဆိုသည်။ ‘‘ဒါကိုလည်း ကျွန်တော်တို့ တတ်နိုင်သရွေ့ ဖြေလျှော့နေတဲ့ ဟာတွေ ရှင်းပြပါတယ်’’ ဟု ဦး မြင့်သူက ပြောသည်။

နေပြည်တော်တွေ့ဆုံမှုတွင် မြန်မာကိုယ်စားလှယ် အဖွဲ့က ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများ  ရှိ ဟိန္ဒူဘာသာဝင် ၄၀၀ ကျော် ကို အမြန်ဆုံးပြန်လည်လွှဲပြောင်း ပေးရန် ဆွေးနွေးခဲ့သော်လည်း ယင်းအချက်ကို ဘင်္ဂလားဒေ့ရှ်က  တုံ့ပြန်ပြောကြားခြင်းမရှိဟု ဆို သည်။

လက်ရှိတွင် မြန်မာအစိုးရ က နေရပ်စွန့်ခွာသူ ၇,၀၀၀ ကျော် ကိုစိစစ်ပြီးဖြစ်ပြီး အဆိုပါ စိစစ် ပြီးသူများကို အချိန်မရွေးလက်ခံ နိုင်ကြောင်း ဦးမြင့်သူက ပြော သည်။

‘‘သူတို့(ဘင်္ဂလားဒေ့ရှ်)အ ပေါ်မူတည်ပါတယ်။ ကျွန်တော် တို့ဘက်က တာဝန်ကျေပြီးပါပြီ။ လွှတ်နိုင်တဲ့ရက်ကို သူတို့သတ် မှတ်ပြီး တစ်လကြိုတင်အကြောင်း ကြားပေးရပါတယ်။ Physical Arrangement အတိုင်း သူတို့ လိုက်နာရင်အဆင်ပြေပါမယ်’’ဟု ၎င်းက ဆက်လက်ပြောကြား သည်။

၂၀၁၇ သြဂုတ် ၂၅ ရက်တွင် စတင်ဖြစ်ပွားသော ရခိုင်ပြည် နယ်မြောက်ပိုင်း အကြမ်းဖက်ဖြစ် စဉ်များကြောင့် နေရပ်စွန့်ခွာသူခုနစ်သိန်းကျော်ရှိခဲ့ကြောင်းကုလ သမဂ္ဂစစ်တမ်းများ၌ဖော်ပြသည်။ ၎င်းတို့ကို ပြန်လည်လက်ခံ ရေး ၂ ကြိမ်ပြင်ဆင်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

No comments:

Post a Comment