Tuesday, May 7, 2019

ခရီးသွားလုပ်ငန်း ဘဏ်ဖွင့်လှစ်

 မြန်မာ့ခရီးသွားလုပ်ငန်း ကိုအထောက်အကူပြုရန် ရည် ရွယ်၍ ပထမဆုံးထူထောင်သည့် ခရီးသွားလုပ်ငန်းဘဏ် (MTB) ကို ရန်ကုန်မြို့ မေလ  ၆ ရက် တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ခေတ်မီနိုင်ငံတကာ ငွေပေး ချေမှုစနစ်များ၊ ခရီးသွားလုပ်ငန်း တိုးတက်ရန် အထောက်အကူပြု  ချေးငွေများနှင့် အထူးငွေစုအတိုး  နှုန်းများ ပေးအပ်မည်ဟု  MTB ကထုတ်ပြန်သည်။ ထို့အပြင် အခြားကဏ္ဍများ ကိုလည်း အထောက်အကူပြု မည့် စီးပွားရေးဆန်ဆန်လုပ်ကိုင် နိုင်သည့် ဘဏ်လုပ်ငန်းဖြစ်ရန် ရည်ရွယ်ထားပြီး နိုင်ငံတကာ   ဘဏ်များ၏ စံချိန်စံညွှန်းများနှင့်  အညီ ဆောင်ရွက်မည်ဟု MTB  ကဆိုသည်။



‘‘ခရီးသွားလုပ်ငန်းမှာ လို အပ်နေတဲ့ငွေကြေးအရင်းအမြစ်  တွေ၊ ငွေကြေးအထောက်အပံ့ တွေကို ခရီးသွားလုပ်ငန်းရှင်နဲ့ ဟိုတယ်လုပ်ငန်းရှင်တွေ အားလုံး  ကို လွယ်လွယ်နဲ့ သက်သက်သာ သာရရှိအောင်ဆောင်ရွက်ပေး သွားမှာဖြစ်ပါတယ်’’ ဟု MTB ဘဏ်ဥက္ကဋ္ဌ ဦးရန်ဝင်းကပြော သည်။

ခရီးသွားလုပ်ငန်းတွင် အ ခြေခံအဆောက်အအုံ လိုအပ် ချက်အတွက် ငွေကြေးလိုအပ် ချက်များကို နားလည်မှုရှိစွာ ဆောင်ရွက်ပေးမည်ဟု ၎င်းကဆို သည်။  မြန်မာ့ခရီးသွားလုပ်ငန်း ဘဏ်သည် ၂၀၁၈ ဇူလိုင်တွင် ဗဟိုဘဏ်ထံမှ လုပ်ငန်းလုပ်ကိုင် ခွင့်လိုင်စင်ရရှိခဲ့သည်။

ဘဏ်ဖွင့်ပွဲသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး၊ တိုင်း ရင်းသားရေးရာဝန်ကြီးနှင့် ရန် ကုန်တိုင်းဝန်ကြီးချုပ်တို့ တက် ရောက်ဖွင့်လှစ်ပေးသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌  ပုဂ္ဂလိကဘဏ် ၂၇ ခုရှိပြီး အစိုးရ ဘဏ်လေးခုဖွင့်လှစ်ထားသည်။

No comments:

Post a Comment