Tuesday, May 7, 2019

သမ္မတအရေးပေါ်ရန်ပုံငွေမှ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် လယ်/ဆည်ဝန်ကြီးဌာနတို့အတွက် ငွေကျပ် ၂၃၆ ဒသမ ၂၆ သန်း သုံးစွဲမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် အတည်ပြု

သမ္မတ၏ အရေးပေါ်ရန်ပုံငွေကျပ် ၉၀၉၅ ဒသမ ၂၆၂ သန်းအနက် ကာကွယ်ရေးဝန်ကြီးဌာနက သဘာဝဘေးအန္တရာယ်ပျက်စီးမှုများကို ဘဏ္ဍာငွေကြိုတင်လျာထားချက် မရှိသည့်အတွက် အရေးပေါ်ရန်ပုံငွေမှ ကျပ် ၃၁၈ ဒသမ ဝ၆၆ သန်းခွဲဝေသုံးစွဲရန် တင်ပြတောင်းခံထားခြင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအတွက် ကျပ် ၅၈၇ ဒသမ ၄၃၇ သန်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအတွက် ကျပ် ၇၃၃၀ဒသမ၇၀၅ သန်း စုစုပေါင်း ကျပ် ၈၂၃၆ ဒသမ ၂၆၈ သန်း သုံးစွဲသွားမည်ဖြစ်ကြောင်း မေ ၆ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ အတည်ပြုခဲ့သည်။



၂၀၁၈ မတ်လနှင့် ဧပြီလတွင်ဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးဒဏ်ကြောင့် စစ်ဌာနချုပ် ရှစ်ခု၊ ဒေသကွပ်ကဲရေးဌာနချုပ်သုံးခုရှိ အဆောက်အအုံ ၁၂၄ လုံး၊ ဆက်စပ်လုပ်ငန်း ၃၀ အတွက် အရေးပေါ်ရန်ပုံငွေမှ ကာကွယ်ရေးဝန်ကြီးဌာနအတွက် ကျပ် ၃၁၈ ဒသမ ဝ၆၆ သန်းသုံးစွဲရန်တင်ပြခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က မေ ၆ ရက်က ကျင်းပသည့် လွှတ်တော်အစည်းအဝေး၌ တင်ပြခဲ့သည်။

"သဘာဝဘေးဒဏ်ကြောင့် ပျက်စီးမှုများသည် ကြိုတင်မသိနိုင်ဘဲ ရုတ်တရက်ဖြစ်တဲ့ ဘေးဒဏ်တွေဖြစ်သောကြောင့် ဘဏ္ဍာငွေ လျာ ထားချက်မရှိသဖြင့် ပျက်စီးမှုများပြန်လည်ပြုပြင်ရန် ကျပ် ၃၁၈ ဒသမ ဝ၆၆ သန်းအား အရေးပေါ်ရန်ပုံငွေမှ ရရှိရေးတင်ပြဆောင်ရွက်ခဲ့ပါ တယ်"ဟု ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောဆိုသည်။

သဘောတူညီ

၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင်ပြုလုပ်ခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် ၂၃ /၂၀၁၈ အရ တောင်းခံ ထားသည့် ငွေကြေးများအား ကျခံသုံးစွဲရန် သဘောတူညီထားခဲ့ပြီး ဖြစ်သည်။

လိုအပ်လျက်ရှိ

ထို့အပြင် ပြည်ထဲရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့လက် အောက်ရှိ အမှတ် ၁၊ ၂၊ ၃၊ ၄၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲများ၏ အုပ် ချုပ်မှုနှင့် လူနေအဆောက်အအုံများတွင် လျှပ်စစ်မီးမရှိသည့်အတွက် နယ်စပ်ဒေသလုံခြုံရေး အခြေအနေအရ လျှပ်စစ်မီးသွယ်တန်းရန် စုစုပေါင်းရန်ပုံငွေကျပ် ၅၈၇ ဒသမ ၄၃၇ သန်း လိုအပ်လျက်ရှိပါ သည်။

"လိုအပ်နေတဲ့ ငွေကျပ် ၅၈၇ ဒသမ ၄၃၇ သန်းလွှဲပြောင်းသုံးစွဲရန် အတွက် ၂၀၁၈--၂၀၁၉ ဘဏ္ဍာနှစ်မြန်မာနိုင်ငံရဲတပ်ဖွဲ့ငွေလုံးငွေရင်း ခွင့်ပြုငွေတွင် ပိုလျှံရန်ပုံငွေမရှိတဲ့အတွက် လျှပ်စစ်မီးသွယ်တန်းရန် စုစုပေါင်းရန်ပုံငွေ ၅၈၇ ဒသမ ၄၃၇ သန်းအား အရေးပေါ်ရန်ပုံငွေမှ ခွင့်ပြုပေးရန် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခဲ့ပြီးဖြစ်ပါတယ်"ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်သူက ပြည် ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည်။

မှတ်တမ်းတင်ထား

၂၀၁၈-၂၀၁၉ နိုင်ငံတော်သမ္မတ၏ အရေးပေါ်ရန်ပုံငွေမှ ဝန်ကြီး ဌာနသုံးခုအတွက် ကျပ် ၈၂၃၆ ဒသမ၂၆၈ သန်း ခွဲဝေသုံးစွဲမည့် ကိစ္စကို လွှတ်တော်က မှတ်တမ်းတင်ထားရှိကြောင်းနှင့် ကျန်ရှိသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ သုံးစွဲငွေအတွက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မေ ၆ ရက်တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာခဲ့သည်။

No comments:

Post a Comment