Tuesday, May 7, 2019

စစ်ဘေးရှောင်စခန်းအားလုံး စနစ်တကျပိတ်သိမ်းနိုင်ရေး ဆောင်ရွက်မည်

မြန်မာနိုင်ငံရှိ စစ်ဘေးရှောင် စခန်းများအားလုံး စနစ်တကျပိတ်သိမ်း နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနပြည်ထောင် စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မေ ၆ ရက်တွင် ပြောကြားသည်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြု ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ပြန် လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေး နွေးပွဲကို ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ Park Royal ဟိုတယ်တွင် မေ ၆ ရက်က ပြုလုပ် ခဲ့ရာ ၎င်းက သတင်းမီဒီယာများကို ယင်း ကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။



''တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ ဒီစခန်းတွေကို စနစ်တကျ အဆင့်မီမီ ပိတ်သိမ်းရေးဆိုတာကို ကျွန် တော်တို့ကအမျိုးသားစီမံချက်ကြီးတစ်ရပ်အနေနဲ့ ရေးဆွဲတယ်။ ၂၀၁၈မှာ ရေးဆွဲခဲ့တယ်။ အခုဆိုလို့ရှိရင်ဆွဲခဲ့တဲ့ မဟာဗျူဟာကြီးက ပြီးသွားပါပြီ။မဟာဗျူဟာတွေ ချမှတ်ပြီး ပြီးတော့လုပ်ငန်းစဉ်တွေ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြည်တွင်းမှာ နေရပ်စွန့်ခွာတဲ့သူတွေက ရခိုင်မှာတင်မကဘူး၊ ကချင်မှာလည်းရှိတယ်။ ရှမ်းမှာလည်း ရှိတယ်ပေါ့။ဒီစခန်းတွေက လိုအပ်တဲ့အချိန်မှာ ဖွင့်ထားတယ်။ တကယ်တမ်းဆိုရင် ဒါဟာယာယီပဲဖြစ်ရမယ်။ တကယ်တမ်းဆိုရင် ကိုယ့်ရပ်ကိုယ့်ဒေသမှာ ဖွံဖြိုးတိုးတက်ရေးတွေကိုဆက်လက်ပြီးတော့ ဆောင်ရွက်နိုင်ဖို့အတွက်ဆိုလို့ရှိရင် ဒီစခန်းတွေဟာ ရေရှည်မရှိသင့်ဘူးပေါ့'ဟု ၎င်းက ပြောဆိုသည်။

အကြောင်းကြောင်းကြောင့် ယင်းစခန်းအချို့ဆက်လက်ရှိနေမည်ဆိုပါကလည်း စနစ်တကျတည်ရှိရေးနှင့် စနစ်တကျ ပိတ်သိမ်းနိုင်ရေးများကို စီစဉ်ဆောင်ရွက်နေကြောင်း၊လက်ရှိတွင် ပြည်တွင်းနေရပ်စွန့်ခွာသူများအရေးကိစ္စအတွက် လူမှုဝန်ထမ်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အဓိကတာဝန်ရှိပြီးပြည်တွင်းနေရပ်စွန့်ခွာသူများ လတ်တလောစားဝတ်နေရေးပြေလည်အောင်ထောက်ပံ့ထားကြောင်း၊ နေရပ်စွန့်ခွာရတဲ့သူတွေအတွက် ယာယီနေနိုင်ရေး ဆောင်ရွက်ပေးထားကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောဆိုသည်။

''အခုလည်း ရခိုင်ဒေသမှာရှိတဲ့ နေရပ်စွန့်ခွာရတဲ့ တိုင်းရင်းသားတွေကို မိုးမကျခင်မှာ ယာယီနေထိုင်ဖို့ နေရာအဆင်ပြေအောင် စနစ်တကျဆောင်ရွက်ဖို့ စီမံထားပြီးပါပြီ''ဟု ၎င်းက ပြောဆိုသည်။ လက်ရှိတွင် ရခိုင်ဒေသ၌ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဒုက္ခသည် လေးသောင်းခန့်ရှိနေပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် စစ်ဘေးရှောင်တစ်သိန်းကျော်ခန့်ရှိကြောင်း သိရသည်။

No comments:

Post a Comment