Tuesday, May 7, 2019

ဧပြီလ မြန်မာ့ထုတ်လုပ်မှု အာဆီယံဒေသအတွင်း အမြင့်ဆုံးဖြစ်

မြန်မာနိုင်ငံ၏ထုတ်လုပ် ရေးကဏ္ဍသည် ဧပြီတွင် အာဆီ ယံနိုင်ငံများအတွင်း အမြင့်ဆုံး ရောက်ရှိလာကြောင်း ဂျပန် Nikkei ၏ မြန်မာ့စက်မှုကုန်ထုတ် လုပ်မှုလုပ်ငန်း ညွှန်းကိန်း၌ ဖော် ပြထားသည်။ ထိုသို့မြင့်တက်လာခြင်းသည် ကုန်ထုတ်လုပ်ငန်း လည်ပတ်မှုအခြေအနေ တိုးတက်လာခြင်း၊အမှာအသစ်များ ရရှိလာခြင်းကြောင့်ဟု ဆိုသည်။



ထိုညွှန်းကိန်းအရ ဧပြီအ တွင်း မြန်မာနိုင်ငံသည် ၅၃ ဒသမ ၇ ရမှတ်ရှိပြီး ဗီယက်နမ်နိုင်ငံက ၅၂ ဒသမ ၅ မှတ်၊ ထိုင်းနိုင်ငံက ၅၁ မှတ်နှင့် ဖိလစ်ပိုင်နိုင်ငံက ၅၀ ဒသမ ၉ မှတ်ရရှိထားသည်။ သို့သော်ညွှန်းကိန်းမြင့်တက် လာသော်လည်း မြန်မာနိုင်ငံသည် ငွေကြေးဖောင်းပွမှုဒဏ် ခံရမည် ဟုလည်း Nikkei က မှတ်ချက်ပေး ထားသည်။

မြန်မာနိုင်ငံ၌ လုပ်ငန်းသစ်များသည် ခြောက်လအတွင်းဆက်တိုက် တိုးတက်လာခြင်းကြောင့် ဧပြီတွင် ကုန်ထုတ်လုပ်မှု ညွှန်းကိန်း အမြင့်ဆုံးဖြစ်လာသည်ဟု ဆိုသည်။ ဝယ်ယူသူများထံမှ ဝယ်လိုအားတိုး တက်လာခြင်းနှင့် ဝယ်ယူသူအသစ် တိုးတက်လာခြင်းကြောင့် ယခုကဲ့သို့ တိုးတက်လာခြင်းဖြစ်သည်ဟု Nikkei က ဆိုသည်။ ကုန်ကြမ်းရှားပါးလာမှုနှင့် စရိတ်များလာခြင်းကြောင့် ဈေး နှုန်းဖောင်းပွမှုများ မြင့်တက်လာ ပြီး လုပ်ငန်းသစ်များအားကောင်း ဦးမော့လာသော်လည်း အလုပ် ခန့်အပ်နှုန်း လျော့နည်းခဲ့သည်ဟု ဆိုထားသည်။

သို့သော် ဧပြီတွင် မြန်မာ နိုင်ငံ၏ ကုန်ထုတ်လုပ်မှု၌ ထုတ် ကုန်အသစ်များ ထုတ်လုပ်လာ ခြင်း၊ နည်းပညာသစ်များ လိုက် လျောညီထွေစွာ အသုံးပြုနေခြင်း ကြောင့် ပိုမိုခိုင်မာလာသည်ဟု အဆိုပါစစ်တမ်းက ဆိုသည်။ စစ်တမ်းအတွက် ကုမ္ပဏီ ၄၀၀ ခန့်ကို မေးခွန်းပေးပို့ ဖြေ ဆိုခိုင်းခြင်းဖြစ်ပြီး ဧပြီ ၁၀ ရက်မှ ၂၃ ရက်အတွင်း အချက်အလက် ကောက်ယူခြင်းဖြစ်သည်။

No comments:

Post a Comment