Tuesday, May 7, 2019

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ကယားပြည်နယ် အစိုးရအဖွဲ့နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ တို့၏ ညှိနှိုင်းအစည်းအဝေးကျင်းပ

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ကယားပြည်နယ် အစိုးရအဖွဲ့နှင့် ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ တို့၏ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့(မေ ၆ရက်) နံနက် ၁၀နာရီက ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ Famous Hotel ၌ ကျင်းပခဲ့သည်။



အစည်းအဝေးတွင် ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)၊ ကယားပြည်နယ် ၀န်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဒုတိယဥက္ကဋ္ဌ ခူဦးရယ်တို့က အမှာစကားများပြောကြားခဲ့ကြပြီး၊ ပည်နယ်အစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီတို့၏ လစဉ် ပုံမှန်အစည်းအဝေး ပြန်လည်ကျင်းပနိုင်ရန်နှင့် ယင်းတွေ့ဆုံဆွေးနွေးမည့် အစည်းအဝေးပုံစံကို နှစ်ဖက်ညှိနှိုင်း သဘောတူညီနိုင်ရေးကိစ္စ၊ ဒေသဖွံ့ဖြိုးတိုးတက် ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် ကယားပြည်နယ်အစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေး ပါတီတို့၏ ပြည်နယ်အဆင့် လစဉ်ပုံမှန်အစည်းအဝေး ကျင်းပခြင်းဆိုင်ရာ လုပ်ငန်း လမ်းညွှန်ကို အတည်ပြုကြပြီး ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို သဘောတူညီခဲ့ကြသည်။

ထို့နောက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဒုတိယဥက္ကဋ္ဌ ခူဦးရယ် ၊ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့် ငြိမ်းချမ်းရေးကော်မရှင် အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) တို့က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြသည်။

အစည်းအဝေးသို့ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)၊ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် အကြံပေး ဦးမိုးဇော်ဦး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ကယားပြည်နယ် အစိုးရအဖွဲ့တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ဒေသ ကွပ်ကဲရေးမှူး (လွိုင်ကော်) ဗိုလ်မှူးချုပ် မျိုးသန့်နိုင်၊ ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီး မြင့်ဝေ၊ ဒေါက်တာ အောင်ကျော်ဌေး၊ ဦးမော်မော်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်း ရေးမှူး ဦးညီညီမင်း၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ ဒုတိယ ဥက္ကဋ္ဌ ခူဦးရယ်၊ အမြဲတမ်း ဗဟိုကော်မ တီဝင် ဗိုလ်မှူးကြီးဘုန်းနိုင်၊ မော်ဒေးဒေးဖော၊ ခူထဲဘူး၊ ဗဟိုကော်မတီဝင် ဦးအောင်ဆန်းမြင့်၊ ခူညေးရယ်၊ ခူတော်ရယ် (အက်စ်)၊ ခွန်ဧလိယာ၊ အရံဗဟို ကော်မတီဝင် လှဂေထူး၊ သဲရယ်ခေးလွီး နှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။

No comments:

Post a Comment