Tuesday, May 7, 2019

မန္တလေး ဗဟိုအကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၇၄၈ ဦး လွတ်မြောက်

Image may contain: 2 people, people standing, people walking and outdoorပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မေ(၇) ရက် ယနေ့ မွန်းလွဲပိုင်းက မန္တလေး ဗဟိုအကျဉ်းထောင်မှ မူးယစ် ၁၅/၁၆၊ မူးယစ်၁၅/၁၆/၂၁နှင့် ပုဒ်မ - ၅၀၅ (ခ) စသည့် ပြစ်မှုများဖြင့် ကျခံနေရသော အကျဉ်းသား၊ အကျဉ်းသူစုစုပေါင်း (၇၄၈) ဦး လွှတ်မြောက်ခဲ့ကြောင်း သိရသည်။


မန္တလေး ဗဟိုအကျဉ်းထောင်မှ မူးယစ် - ၁၅/၁၆ အမှုဖြင့်အကျဉ်းကျနေသည့် ကျဉ်းသား (၅၅၈) ဦး၊ အကျဉ်းသူ (၂၆) ဦး၊ မူးယစ် - ၁၅/ ၁၆/၂၁ အမှုဖြင့် အကျဉ်းကျနေသည့် အကျဉ်းသား (၁၄၄) ဦး၊ အကျဉ်းသူ (၁၆) ဦး၊ ပုဒ်မ-၅၀၅ (ခ) အမှုဖြင့် အကျဉ်းကျနေသည့် အကျဉ်းသားသူ (၄) ဦး စုစုပေါင်း(၇၄၈) ဦး ပြစ်ဒဏ်မှလွှတ်ငြိမ်းသက်သာခွင့်ရရှိခဲ့သည်။

ပြည်ထောင်စုသမ္မတနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၁၆/၂၀၁၉ အရ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင် (၆) ခုမှ အကျဉ်းသား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၁၁၀၆) ဦးရှိခဲ့ကြောင်း သိရသည်။

No comments:

Post a Comment