Tuesday, May 7, 2019

ICRC သုံးမည့် လန်ခရူဆာငါးစီး အခွန်ကင်းလွတ်ခွင့် တစ်ပြေးညီဖြစ်သင့်ဟု တပ်မတော်ဆွေးနွေး

အပြည်ပြည်ဆိုင် ရာ ကြက်ခြေနီအဖွဲ့(ICRC) ဆောင်ရွက်နေသည့် ရခိုင်ပြည် နယ်အတွင်း လူသားချင်းစာနာ ထောက်ထားမှု  အကူအညီပေး ရေးကိစ္စများတွင် ဒေသခံတိုင်း ရင်းသားများနှင့် ဘင်္ဂါလီများအ ကြားမျှတမှုရှိရေး  သက်ဆိုင်ရာ ၀န်ကြီးဌာနနှင့် ပြည်နယ်အစိုးရ တို့က လက်တွဲဆောင်ရွက်ပေးရန် တပ်မတော်သားကိုယ်စားလှယ်ဗိုလ်မှူးသူရိန်ဇော်က တောင်းဆိုသည်။

ရခိုင်ပြည်နယ်အတွင်း လုပ် ငန်းများဆောင်ရွက်ရာတွင်ICRC  က အသုံးပြုမည့် တိုယိုတာလန်ခရူဆာယာဉ်ငါးစီးကို အခွန်ကင်းလွတ်ခွင့်ပြုရေးနှင့် ပတ်သက်၍ ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးစဉ် ၎င်းကထိုသို့ထည့်သွင်းပြောကြားသည်။

‘‘ယနေ့ ရခိုင်ပြည်နယ်အ တွင်း ဖြစ်ပွားနေတဲ့ကိစ္စရပ်များမှာ UN, NGO, INGO တို့ရဲ့ဆောင် ရွက်ချက်များအပေါ် ဒေသခံများ ရဲ့ကန့်ကွက်မှုများစွာ ရှိနေပါ တယ်’’ ဟု ဗိုလ်မှူးသူရိန်ဇော်က ဆိုသည်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့က အသုံးပြုမည့် ယာဉ်ငါးစီးအတွက် အခွန်ကင်း လွတ်ခွင့်ပြုပေးရေးကိုလည်း အ သင်းအဖွဲ့အကြီး၊ အငယ်၊ နိုင်ငံ တကာ အဖွဲ့၊ ပြည်တွင်းအဖွဲ့ဟူ၍ မခွဲခြားဘဲ သတ်မှတ်စံနှုန်းများ အရသာဆောင်ရွက်သင့်ကြောင်း ၎င်းကပြောသည်။

မြန်မာနိုင်ငံအတွင်း မှတ်ပုံ တင်ထားသည့် NGO နှင့်  အဖွဲ့ ပေါင်း ၄,၈၀၀ ကျော်ရှိပြီး INGO အဖွဲ့ ၁၈၀ ကျော်ရှိရာ ယင်းအဖွဲ့ များအနေဖြင့် ယခုကဲ့သို့ အခွန် ကင်းလွတ်ခွင့် တောင်းဆိုလာပါ က  မည်သို့ဆောင်ရွက်မည်ကိုသိ ရှိလိုကြောင်း ဗိုလ်မှူးသူရိန်ဇော် က မေးခွန်းထုတ်သည်။

ရခိုင်ပြည်နယ်အတွင်း  လူ သားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေးလုပ် ငန်းများဆောင်ရွက်ရန် ဂျီနီဗာ မြို့ရှိ ICRC ရုံးချုပ်မှ မြန်မာနိုင်ငံ ICRC ရုံးသို့ ဒေါ်လာ ၁၂၇,၈၇၉ ဒသမ ၂ သန်း တန်ဖိုးရှိ လန်ခရူ ဆာယာဉ်ငါးစီးလှူဒါန်းမည်ဖြစ် ပြီး အဆိုပါယာဉ်များအတွက် အ ကောက်ခွန်၊ ကုန်သွယ်လုပ်ငန်း ခွန်နှင့် အထူးကုန်စည်ခွန်ကင်း လွတ်ခွင့်ပြုရေး အစိုးရအဖွဲ့ထံ တင်ပြထားသည်။

ထို့ကြောင့် သမ္မတက လွှတ် တော်သို့ သ၀ဏ်လွှာပေးပို့ခဲ့ပြီး လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေး ၀န် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် စီမံ ကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်း တို့က လွှတ်တော်သို့ ရှင်းပြသည်။

‘‘အဆိုပါကိစ္စကို ဆောင် ရွက်ခြင်းဖြင့် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခကြောင့် ထိခိုက်ခံစားရ သောသူများအတွက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ၊ သောက်သုံးရေရရှိရန်ဆောင်ရွက် ခြင်းလုပ်ငန်းများနှင့် ကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် ပိုမိုအဆင်ပြေစွာဆောင်ရွက် နိုင်ခြင်းစသည့် အကျိုးကျေးဇူး များ ရရှိမှာဖြစ်ပါတယ်’’ဟု ပြည် ထောင်စုဝန်ကြီး  ဒေါက်တာဝင်း မြတ်အေးကပြောသည်။

ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ အရ ပြည်တွင်း၊ပြည်ပအလှူရှင် များ၊ နိုင်ငံတကာအဖွဲ့အစည်း များမှ နိုင်ငံတော်အတွင်းလူမှုရေး၊ ဘာသာရေး၊  ပညာရေး၊ ကျန်းမာ ရေး ကိစ္စရပ်များအတွက် လှူဒါန်း သည့် ကုန်စည်များ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများမှ နိုင်ငံသို့ အထောက်အပံ့ ပေးအပ်သော ကုန်စည်များကိုပြည်ထောင်စုအ စိုးရအဖွဲ့က ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပေးခြင်း (သို့မ ဟုတ်)သက်သာခွင့်ပေးခြင်း ပြု လုပ်နိုင်ကြောင်း ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ရှင်းပြ သည်။

ထို့အပြင် ၂၀၁၈ အခွန် အကောက်ဥပဒေတွင် နိုင်ငံတော် ၏ လိုအပ်ချက်အရ ပြည်ထောင်စု လွှတ်တော်က အခွန်ကင်းလွတ် ခွင့်ပြုနိုင်သည့် ကုန်စည်များဟု လည်းကောင်း၊ အထူးကုန်စည်ခွန် ဥပဒေ၌ လွှတ်တော်သဘောတူညီ ချက်ဖြင့် ကင်းလွတ်ခွင့်သက်သာ ခွင့်ပြုနိုင်သည်ဟုလည်းကောင်း ပြဋ္ဌာန်းထား၍ လွှတ်တော်သို့ တင်ပြခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍  လွှတ်တော် မူလအစီအစဉ်လျာ ထားချက်တွင် တပ်မတော်သား နှစ်ဦး ဆွေးနွေးရန်ဖြစ်သော်လည်း ယမန်နေ့က ဗိုလ်မှူးသူရိန်ဇော် တစ်ဦးတည်းသာ ဆွေးနွေးခဲ့ သည်။ ထို့အပြင် သက်ဆိုင်ရာ ၀န်ကြီးဌာနများက ပြန်လည်ရှင်း လင်းရန် ကျန်ရှိနေသည်။ ကျန်ရှိသည့် ကိစ္စရပ်များကို မေလ ၉ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်း အဝေး၌  ဆက်လက်ဆောင်ရွက် မည်ဖြစ်ကြောင်း လွှတ်တော်နာ ယကဦးတီခွန်မြတ်က ပြောကြား သည်။

No comments:

Post a Comment