Tuesday, May 7, 2019

နိုက်ဂျာတွင် တိမ်းမှောက် လောင်စာတင်ယာဉ်မှ ဓာတ်ဆီကို ပိုက်ဖြင့်စုပ်ချိန် ပေါက်ကွဲ၊ ၆၀ နီးပါး သေဆုံး

နိုက်ဂျာနိုင်ငံမှာ တိမ်းမှောက်နေတဲ့ လောင်စာတင်ယာဉ်က ဓာတ်ဆီကို ပိုက်နဲ့စုပ်ယူချိန် ပေါက်ကွဲခဲ့တာကြောင့် ဓာတ်ဆီယူသူ ၅၈ ယောက်ထက်မနည်း သေဆုံးတယ်လို့ အစိုးရက မေလ ၆ ရက်နေ့မှာ ပြောပါတယ်။ ပေါက်ကွဲမှုဟာ မြို့တော် နီယမ်မေးနဲ့ နိုင်ငံတကာလေဆိပ်ကို ဆက်သွယ်တဲ့ အဝေးပြေးလမ်းမပေါ်မှာ မေလ ၅ ရက် ညက ဖြစ်ခဲ့တာပါ။ ပေါက်ကွဲမှုဖြစ်တဲ့နေရာအနီးက မီးလောင်ဒဏ်ရာရသူ ၃၇ ယောက်ကို ဆေးရုံတင်ထားပြီး အတော်များများဟာ အခြေအနေ စိုးရိမ်ရတယ်လို့ နိုက်ဂျာ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။


ပေါက်ကွဲမှုဖြစ်တဲ့နေရာက မီးလောင်ရုပ်အလောင်း ၅၅ ခု ရရှိတာနဲ့အတူ နောက်ထပ် ဒဏ်ရာရသူ ၃ ယောက် သေဆုံးတာကြောင့် သေဆုံးသူ ၅၈ ယောက်အထိ မြင့်တက်လာတယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။ နိုက်ဂျာသမ္မတ မဟာမဒူ အစ်ဆိုဖူဟာလည်း ဒဏ်ရာရလူနာတွေကို ဆေးရုံမှာ သွားရောက်ကြည့်ရှုခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

No comments:

Post a Comment