Tuesday, May 7, 2019

မက်ဆီကိုနိုင်ငံမှာ ပုဂ္ဂလိကဂျက်လေယာဉ်တစ်စီး ပျက်ကျမှုဖြစ်ပွားတာကြောင့် လူ(၁၃)ဦး သေဆုံး

မက်ဆီကိုနိုင်ငံမှာ ပုဂ္ဂလိကဂျက်လေယာဉ်တစ်စီး ပျက်ကျမှုဖြစ်ပွားတာကြောင့် လေယာဉ်ပေါ်လိုက်ပါလာသူ (၁၃)ယောက်လုံး သေဆုံးသွားတယ်လို့အာဏာပိုင်တွေက ပြောပါတယ်။ အဲ့ဒီဂျက်လေယာဉ်ဟာ အမေရိကန်နိုင်ငံ လက်စ်ဗေးဂတ်မြို့ကနေ မက်ဆီကိုနိုင်ငံ မွန်တာရေးမြို့ကို ပျံသန်းလာတာပါ။မက်ဆီကိုနိုင်ငံရဲ့ လူသူအရောက် အပေါက်နည်းတဲ့ တောင်ထူထပ်တဲ့ နေရာမှာတော့ ပျက်ကျသွားခဲ့တာဖြစ်ပါတယ်။
အဲဒီလေယောဉ်ပေါ်မှာ လိုက်ပါလာသူတွေဟာ လက်စ်ဗေးဂတ်စ်မြို့မှာပြုလုပ်တဲ့ လက်ဝှေ့ပွဲကို သွားရောက်ကြည့်ရှုပြီးနောက် မက်ဆီကိုနိုင်ငံကို ပြန်လာကြသူတွေဖြစ်ပါတယ်။ဒါပေမယ့်လည်း သေဆုံးသွားသူတွေဟာ ဘယ်သူဘယ်ဝါတွေဖြစ်တယ်ဆိုတာတော့ မသိရသေးပါဘူး။ လေယာဉ်မှူးဟာ မုန်တိုင်းနဲ့ ရင်ဆိုင်ရမှာကို ရှောင်လွှဲလိုတာကြောင့် လေယာဉ်ကို ဆင်းသက်ဖို့ ကြိုးစားခဲ့ပုံရပြီး စုံစမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ မက်ဆီကို သတင်းမှာ ဖော်ပြထားပါတယ်။

No comments:

Post a Comment