Tuesday, May 7, 2019

ဇီဝမျိုးကွဲဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့်ပင်လယ်ပြင်ဘေးအန္တရာယ်ကင်းရှင်းရေး ကွန်ဗင်းရှင်းတွင် မြန်မာ ပါဝင်ရန်စီစဉ်

ဇီဝမျိုးစုံမျိုးကွဲဆိုင် ရာ နိုင်ငံတကာသိပ္ပံမူဝါဒလုပ်ငန်း အဖွဲ့သို့ ဝင်ရောက်ရန်နှင့် ပင် လယ်ပြင်ဘေးအန္တရာယ်ကင်းရှင်း ရေး ကွန်ဗင်းရှင်းတွင် လက်မှတ် ရေးထိုးနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနနှစ်ခုမှ ဒုဝန်ကြီးများကယမန်နေ့တွင် ပြည်ထောင်စုလွှတ်တော်၌ ရှင်းလင်းတင်ပြသည်။ေ ဂဟစနစ် ဝန်ဆောင်မှုများ နှင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ နိုင်ငံ တကာ သိပ္ပံ-မူဝါဒလုပ်ငန်းအဖွဲ့ (IPBES)တွင် မြန်မာနိုင်ငံအဖွဲ့ ဝင်အဖြစ် ဝင်ရောက်ရန် သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ရှင်းလင်းသည်။



ဂေဟစနစ် ဝန်ဆောင်မှုနှင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ နိုင်ငံတကာ သိပ္ပံ-မူဝါဒလုပ်ငန်းအဖွဲ့သည် ရာသီဥတုပြောင်းလဲမှုနှင့် လိုက် လျောညီထွေဖြစ်စေသည့် မူဝါဒနှင့် အစီအမံများဖြစ်ရေး၊ သိပ္ပံ နည်းကျ ဖော်ထုတ်ထားသည့် အကြံပြုချက်များ ပေးနိုင်ရန်ဖြစ် ကြောင်း ၎င်းက ရှင်းပြသည်။ အဆိုပါ မူဝါဒအဖွဲ့တွင် နိုင်ငံ ၁၃၀ ပါဝင်ပြီး အာဆီယံဒေသမှ မြန်မာ၊ ဘရူနိုင်း၊ စင်ကာပူနှင့် လာအိုတို့ အဖွဲ့ဝင်အဖြစ် ဝင် ရောက်ခြင်းမရှိသေးပေ။

အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ငွေကြေးတစ်စုံတစ်ရာထည့်ဝင် ရန် စည်းနှောင်ထားမှုမရှိသော် လည်း အဖွဲ့ဝင်နိုင်ငံများမှ ဆန္ဒ အလျောက် ထည့်ဝင်လိုပါက ဝင်နိုင်ကြောင်း ဒေါက်တာရဲမြင့် ဆွေက ပြောသည်။

ထို့ကြောင့် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ပါက ဇီဝမျိုးစုံမျိုးကွဲ နှင့် ဂေဟစနစ်များ ထိန်းသိမ်း ဆောင်ရွက်ရာတွင် နည်းပညာ များ ပိုမိုလွှဲပြောင်းရယူနိုင်ခြင်း၊ ထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတကာအစီအစဉ်များနှင့် အထောက်အပံ့ ပေးသည့် အဖွဲ့အစည်းများကို ပိုမို သိရှိနိုင်ခြင်း စသည့်အကျိုးကျေး ဇူးများ ရရှိမည်ဖြစ်ကြောင်း ၎င်း က ပြောသည်။

ပင်လယ်ပြင် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ Protocol of 1988 Relating to the Interna-tional Convention for the Safety of life at Sea-1974 တွင် မြန်မာနိုင်ငံ လက်မှတ်ရေး ထိုးနိုင်ရန် ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန် ကြီး ဦးကျော်မျိုးက ပြည်ထောင် စုလွှတ်တော်သို့ တင်ပြသည်။

SOLAS 1974 သည် အ ပြည်ပြည်ဆိုင်ရာ ရေကြောင်း အဖွဲ့ချုပ် (International Mari-time Organization-IMO)က ပြဋ္ဌာန်းသော ကွန်ဗင်းရှင်းများ အနက် ပင်လယ်ပြင်၌ ဘေးအန္တ ရာယ်ကင်းရှင်းရေးနှင့် ပတ်သက် သည့် အရေးကြီးသော ကွန်ဗင်း ရှင်းဖြစ်ကြောင်း ၎င်းက ရှင်းပြ သည်။ သင်္ဘောများ ငါးနှစ်ပြည့် အထူးလွန်းတင် ဆောင်ရွက်ချိန် ၌ သက်ဆိုင်ရာ လက်မှတ်များ အသစ်ထုတ်ပေးရန် သင်္ဘော အစိတ်အပိုင်းများ အသေးစိတ် စစ်ဆေးမှု ခံယူခြင်းများကို တစ် ချိန်တည်း ဆောင်ရွက်နိုင်ခြင်းနှင့် စစ်ဆေးမှုခံယူရန် သင်္ဘောရပ်နား ရသည့်အချိန်နှင့် သင်္ဘောဝန်ထမ်းများ ဆောင်ရွက်ရမည့် အလုပ် တာဝန်များကို လျှော့ချနိုင်မည် ဖြစ်ကြောင်း ဦးကျော်မျိုးက ဆို သည်။ အထက်ပါ အကြောင်းအ ရာနှစ်ခုနှင့် ပတ်သက်၍ ဆွေးနွေး လိုသည့် ကိုယ်စားလှယ်များ နာ မည်စာရင်းတင်သွင်းရန် ပြည် ထောင်စုလွှတ်တော်နာယကက ဖိတ်ခေါ်ထားသည်။

No comments:

Post a Comment