Tuesday, May 7, 2019

AA တပ်ဖွဲ့မီးရှို့မှုကြောင့် ကုလားတန်မြစ်ကူး (ပလက်ဝ)တံတားတည်ဆောက်မည့် သံပေါင်များ အသုံးပြုမရဟုဆို

AA တပ်ဖွဲ့က မီးရှို့ခဲ့ သည့် ကုလားတန်မြစ်ကူး(ပလက် ၀)တံတားအတွက် သံပေါင်များ ပြန်လည်အသုံးပြု၍မရတော့ဟု ဂျပန်ပညာရှင်များက မှတ်ချက် ပေးကြောင်း ချင်းပြည်နယ် စည် ပင်သာယာရေး၊ လျှပ်စစ်နှင့်စက် မှုလက်မှုဝန်ကြီး ဦးစိုးထက်က ပြောသည်။  ကန်ဒေါ်လာခုနစ်သိန်း ကျော်တန်ဖိုးရှိ တံတားတည် ဆောက်ရေးသံပေါင်များနှင့် စပ် ဆက်ပစ္စည်းများသည် မီးလောင် သည့်ဒဏ်ကြောင့် ခံနိုင်ဝန်လျော့ ကျခဲ့သည်ဟု ဂျပန်ပညာရှင်များ က မှတ်ချက်ပေးကြောင်း ၀န်ကြီးကဆိုသည်။



 ‘‘သံပေါင်တွေ မီးရှို့လိုက် တယ်။ ဂျပန်ပညာရှင်က ကောင်း ချင်ကောင်းနိုင်တယ်ပေါ့။ သေ ချာပြန်စစ်တော့ အခုရီပို့ထွက် တော့ လုံးဝသုံးလို့မရဘူး။ သံ ပေါင်တွေ  အသစ်ထပ်ထုတ်ရ မယ်’’ ဟု ၀န်ကြီးကပြောသည်။

  မီးလောင်ခဲ့သည့်သံပေါင် များသည် ကုလားတန်မြစ်ကူး တံတား၏ အရှေ့ဘက်ခြမ်းအ တွက်ဖြစ်ပြီး အဆိုပါဆုံးရှုံးမှုအ တွက် လုပ်ငန်းခွင်အရောက် ပို့ ဆောင်ရေးအာမခံထား၍ အာမခံ ကုမ္ပဏီက လျော်ကြေးပေးမည် ဟု ပြည်နယ်အစိုးရက ဆိုသည်။

 အဆိုပါတံတားစီမံကိန်း သည် ကုလားတန်မြစ်နှစ်ဖက်ခြမ်း တွင် တစ်ပြိုင်နက်အကောင်အ ထည်ဖော်နေခြင်းဖြစ်ပြီး AA အ ဖွဲ့က  မီးရှို့ခဲ့သည့်သံပေါင်များ သည် တံတားအရှေ့ဘက်ခြမ်းအ တွက်ဖြစ်သည်။

 တံတားအနောက်ဘက်ခြမ်း အတွက် သံပေါင်တန် ၂၆၀ ကျော်ပါဝင်သည့် MV ရွှေပြည် တန်-၁ သင်္ဘောသည် ရန်ကုန် ဆိပ်ကမ်းမှ ဧပြီ ၂၉ ရက်တွင် စတင်ထွက်ခွာသွားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

မေလ ၁၀ ရက်တွင် စစ်တွေ မြို့သို့ ဆိုက်ကပ်နိုင်ရန် ခန့်မှန်း ထားကာ မေလ ၁၂ ရက်တွင် စီမံကိန်းသို့ ရောက်ရှိမည်ဟု ဆို သည်။ ထိုသံပေါင်များကိုလည်း ထပ်မံဖျက်ဆီးမခံရရန် လုံခြုံရေး အခြေအနေ စောင့်ကြည့်နေရ သည်ဟု ၀န်ကြီးကဆိုသည်။

ပလက်ဝတံတားစီမံကိန်းအ ရှေ့ဘက်ခြမ်းတွင် အသုံးပြုရန် သံပေါင် ၂၈၆ ဒသမ ၂၃ တန်တင် ဆောင်လာသည့် MV-ရတနာ ၀င်း(၇)ရေယာဉ်ကို မတ်လ ၁၆ ရက်၌ AA အဖွဲ့က လက်နက် ငယ်များဖြင့် ပစ်ခတ်မီးရှို့ခဲ့သည်။  အဆိုပါသင်္ဘောပေါ်တွင် သံပေါင် ၂၅၆ တန်ကျော်၊ သံ ပေါင်အထိုင်ခုံ ၂၄ တန်ကျော်၊ High Tension Bolt လေးတန် ကျော်နှင့် သုတ်ဆေးများပါဝင်ပြီး စုစုပေါင်းတန်ဖိုးကျပ်တစ်ဘီလီ ယံကျော်ရှိသည်ဟု အစိုးရက ထုတ်ပြန်သည်။

No comments:

Post a Comment