Tuesday, May 7, 2019

နိုင်ငံ တည်ဆောက်ရေး ဘာသာပေါင်းစုံ ပူးပေါင်း ဆောင်ရွက်ကြဖို့ အတိုင်ပင်ခံ တိုက်တွန်း

Image may contain: 6 people, people smiling, people standingImage may contain: 1 person, textနိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများတွင်မိမိတို့ ယုံကြည်ကိုးကွယ်ရာဘာသာတရား၏ သွန်သင်ချက်များနှင့်အညီအပြန် အ လှန်လေးစားမှုနှင့် ပူးပေါင်းဆောင်ရွက်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် ငြိမ်းချမ်းမေတ္တာအဖွဲ့ ၏ ဆွေးနွေးပွဲအဖွင့် မိန့်ခွန်းတွင် တိုက်တွန်း ပြောဆိုလိုက်သည်။



မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး (ငြိမ်းချမ်းမေတ္တာ) အဖွဲ့ ၏ ဒုတိယအကြိမ် အကြံပြု ဆွေးနွေးဝိုင်းကို နေပြည်တော် သင်္ဂဟဟိုတယ်တွင် မေလ ၇၊ ၈ ရက်များတွင် ၂ ရက်တိုင်တိုင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ယနေ့ ဖွင့်ပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အတူ ဒုတိယ သမ္မတ ၂ ဦး၊ ပြည်ထောင်စု ဝန်ကြီးများ၊ ငြိမ်ချမ်းမေတ္တာအဖွဲ့ နာယက ကာဒီနယ်ချားလ်ဘို၊ အဖွဲ့ ဥက္ကဌ ဦးမြင့်ဆွေ၊ ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္ဒ၊ အောက်စ်ဖို့ဒ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိတို့ တက်ရောက်ကြသည်။

No comments:

Post a Comment