Tuesday, May 7, 2019

မိုးညှင်းမြို့နယ်တွင် မူးယစ်ဆေးဝါးများ၊ လက်ပစ်ဗုံးနှင့် ဓားများ ဖမ်းမိ၊

Image may contain: one or more peopleမိုးညှင်းမြို့နယ်အတွင်းတွင် မူးယစ်ဆေးဝါးများနှင့်အတူ လက်ပစ်ဗုံး ၂လုံးနှင့် ဓား ၂ချောင်းကိုပါ ယမေန်နေ့က ဖမ်းဆီးရမိခဲ့သည်။ မေ ၅ ရက် မွန်းလွဲ၂နာရီခွဲအချိန်ခ့န်က အချိန် မူးယစ်တပ်ဖွဲ့စု(၃)မိုးညှင်းမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးအရှေ့ဘက်ခြမ်း၊ ပန်းလားကျေးရွာအုပ်စု၊ အိုင်လေးတူကျေးရွာနေ မြင့်အေး (ခ)ဇော်မင်းထွန်းဆိုသူ၏နေအိမ်ကိုရှာဖွေရန်ဝင်ရောက်စဉ် ထိုသူက ဓားဖြင့်ခုတ်သဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးတွင်ဒဏ်ရာရရှိခဲ့ပြီး
ပူးပေါင်းအဖွဲ့မှလုံးထွေးဖမ်းဆီးကာ ၎င်း၏လွယ်အိတ်အတွင်းမှ ဘိန်းဖြူ သုည ဒသမ ၀၁ ဂရမ်၊ ဘိန်းစိမ်း ၂၅ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၅၀ ပြား၊ လက်ပစ်ဗုံး ၂ လုံး၊ ဓား ၂ ချောင်း တို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် မြင့်အေး(ခ)ဇော်မင်းထွန်း(၄၀)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ၊ ရာဇသတ်ကြီးဥပဒေတို့အရ အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

No comments:

Post a Comment