Tuesday, May 7, 2019

ဆာလက်နှင့် ဖာမီနို ဘာစီလိုနာနှင့်ပွဲ လွဲချော်မည်ဟု ကလော့ပ်ပြော

 လီဗာပူးတိုက်စစ်မှူး မို ဟာမက်ဆာလက်နှင့် ဖာမီနိုတို့ သည် ဒဏ်ရာကြောင့် ယနေ့ည တွင် ကစားမည့် ချန်ပီယံလိဂ်ဆီမီး ဖိုင်နယ် ဒုတိယအကျော့ပွဲကို လွဲ ချော်မည်ဟု လီဗာပူးနည်းပြ ဂျာ ဂန်ကလော့ပ်က ပြောသည်။ ဆာလက်သည် စနေနေ့က ၃-၂ ဂိုးဖြင့်နိုင်သောပွဲ၌ နယူး ကာဆယ်ဂိုးသမား ဒူဘရက်ကာ နှင့် လေထဲတွင် တိုက်မိပြီး ဦး ခေါင်းတွင်  ဒဏ်ရာရရှိခဲ့ကာ ထမ်းစင်ဖြင့် ကွင်းထဲမှထွက်ရ သည်။ ဖာမီနိုသည် ကြွက်သား ဒဏ်ရာကြောင့် ယင်းပွဲ၌မပါဝင် ပေ။ ‘‘ဘာစီလိုနာနဲ့ပွဲမှာ ကမ္ဘာ့ အကောင်းဆုံးတိုက်စစ်မှူး နှစ်ဦး မပါဝင်ဘဲ ကျွန်တော်တို့လေးဂိုး သွင်းရမယ်။ ဒါဟာ မလွယ်ကူပါ ဘူး။
ဒါပေမဲ့လည်း ကျွန်တော်တို့ အနေနဲ့ မိနစ် ၉၀ မှာ ကောင်းမွန် စွာ အဆုံးသတ်ပြီး ချန်ပီယံလိဂ် ယှဉ်ပြိုင်မှုကို အောင်ပွဲခံချင်ပါ တယ်’’ ဟု ကလော့ပ်က ပြော သည်။

ဆာလက်သည် ခေါင်းချင်း တိုက်မိ၍ ဆေးပညာအရ ၎င်းကို ကစားခွင့် ပြုမည်မဟုတ်ဟု က လော့ပ်ကပြောသည်။ သို့သော် ဆာလက်အနေဖြင့် တနင်္ဂနွေနေ့ တွင် ကစားမည့် ဝုဖ်လ်နှင့် ပရီးမီး ယားလိဂ် နောက်ဆုံးပွဲ ပါဝင်နိုင် မည်ဟု ကလော့ပ်က ယုံကြည်နေ သည်။ဖာမီနိုသည် ဘာစီလိုနာနှင့် ပွဲ ၇၉ မိနစ်၌ လူစားဝင်ကစား ခဲ့သော်လည်း နယူးကာဆယ်နှင့်ပွဲ မပါဝင်ခဲ့ပေ။ ထိုအတောအတွင်း လီဗာပူး က ဘာစီလိုနာကို ပထမအကျော့ တွင်  ဂိုးပြတ်  ရှုံးနိမ့်ထားသဖြင့်  ယင်းကို ပြောင်းပြန်လှန်နိုင်မည် မဟုတ်ဟု ပြောဆိုနေကြ၍ဒေါသ ဖြစ်ရသည်ဟု လီဗာပူးနောက် တန်းလူ လော့ဗ်ရန်က ပြော သည်။

‘‘ဒီလိုပြောတာ ကျွန်တော် တို့ ဒေါသထွက်စေပါတယ်။ ဒေါ သထွက်သလို အန်ဖီးလ်မှာစပယ် ရှယ်တစ်ခုခု လုပ်ပြနိုင်တယ်လို့ ပြသချင်စိတ်လည်း ပြင်းပြစွာဖြစ် ပေါ်လာပါတယ်’’ ဟု ၎င်းကဆို သည်။ ဘာစီလိုနာနည်းပြ ဗယ်လ် ဗာဒီက မိမိတို့အနေဖြင့် လာလီဂါ ချန်ပီယံဆိုသော အားသာချက် ရှိနေပြီး ယင်းကိုအသုံးချရန် ကြိုး စားမည်ဟု ပြောကြားသည်။ ဘာစီလိုနာသည် စနေနေ့က ဆယ်လ်တာနှင့်ပွဲတွင် လီဗာပူးနှင့်ပထမ အကျော့ကစားခဲ့သော ကစားသ မား ၁၁ ဦးစလုံးကို အနားပေးခဲ့ သည်။

No comments:

Post a Comment