Tuesday, May 7, 2019

လက်စတာကို အနိုင်ယူပြီး မန်စီးတီး ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရန် နီးစပ်

ပရီးမီးယားလိဂ် ပွဲစဉ် ၃၇ အဖြစ် မန်စီးတီးနဲ့ လက်စတာတို့ မနေ့က ယှဉ်ပြိုင်ရာ မန်စီးတီးက တဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး အမှတ်ပေးချန်ပီယံဆု ဆွတ်ခူးဖို့ နီးစပ်သွားပါတယ်။ မန်စီးတီးဟာ ဆာနေး၊ မာရက်ဇ်၊ ဂျီးဆပ်စ်တို့ကို အရန်ခုံမှာထားပြီး တိုက်စစ်မှူး အဂွေရို၊ စတာလင်၊ ဒေးဗစ်ဆေးလ်ဗား၊ ဘာနာဒိုဆေးလ်ဗား၊ ဂန်ဒိုဂန်၊ ဇင်ချန်ကို၊ ကွန်ပနီ စတဲ့ ကစားသမားတွေ အသုံးပြုခဲ့ပါတယ်။ ဧည့်သည့် လက်စတာအသင်းကလည်း မန်စီးတီးရဲ့ ချန်ပီယံဖြစ်ရေး အိပ်မက်ကို ဟန့်တားနိုင်ဖို့ ဗာဒီ၊ မက်ဒီဆန်၊ အန်ဒီဒီ၊ အယ်လ်ဘရိုက်တန်၊ မက်ဂွိုင်းယား၊ ဂိုး ရှမိုက်ကယ်တို့နဲ့ ပွဲထွက်ခဲ့တာပါ။



မန်စီးတီးဟာ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရပြီး ဘောလုံးပိုင်ဆိုင်မှု၊ ထိုးဖောက်ကန်သွင်းခွင့် အသာရခဲ့ပေမယ့် အခွင့်အရေးတွေ အသုံးမချနိုင်ဘဲ ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရပါတယ်။ မန်စီးတီးအတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲချိန် မိနစ် ၇၀ မှာ အသင်းခေါင်းဆောင် ကွန်ပနီက အဝေးကနေ အမှတ်မထင်ကန်သွင်းပြီး ရယူပေးခဲ့ပါတယ်။ ဒီပွဲအနိုင်ရတဲ့ မန်စီးတီးအသင်းဟာ လီဗာပူးအသင်းနဲ့ ပွဲတူ တမှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပါတယ်။ လက်စတာအသင်းကတော့ ရမှတ် ၅၁ မှတ်နဲ့ အဆင့် ၉ မှာ ဆက်လက်ရပ်တည်နေပါတယ်။

No comments:

Post a Comment