Tuesday, May 7, 2019

ပေါ်တိုဂိုးသမား ကားဆီးလက်စ် နှလုံးရောဂါ သက်သာ၍ ဆေးရုံကဆင်း

စပိန်ဂိုးသမား ကားဆီးလက်စ်ဟာ နှလုံးရောဂါ သက်သာလာလို့ ဆေးရုံကနေ ဆင်းရပြီဖြစ်ပေမယ့် ဘယ်အချိန် ဘောလုံးပြန်ကစားနိုင်မလဲဆိုတာ မသိရသေးပါဘူး။ အသက် ၃၇ နှစ်ရှိ ပေါ်တိုဂိုးသမား ကားဆီးလက်စ်ဟာ မေလ ၁ ရက်က လေ့ကျင့်ခန်းဆင်းနေချိန် နှလုံးရောဂါဝေဒနာ ခံစားခဲ့ရတာကြောင့် အရေးပေါ်ကုသခဲ့ရတာ ဖြစ်ပါတယ်။ မေလ ၆ ရက်နေ့က ဆေးရုံကနေ ပြန်ဆင်းလာပြီးနောက် သတင်းထောက်တွေကို ပြောကြားရာမှာတော့ သူ့အနေနဲ့ လက်ရှိအချိန်မှာ နှလုံးကျန်းမာရေး ပြန်ကောင်းလာပြီဖြစ်ပေမယ့်  တပတ်၊ နှစ်ပတ် ဒါမှမဟုတ် လပိုင်းအထိ ဆက်လက်အနားယူဖို့ လိုတယ်လို့ ပြောပါတယ်။


ဒါကြောင့် ဘယ်အချိန်မှာ ဘောလုံးပြန်ကစားနိုင်မလဲဆိုတာ သူကိုယ်တိုင်လည်း မသိရသေးဘူးလို့ ဆေးရုံကဆင်းဆင်းချင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဆေးရုံ တာဝန်ရှိသူတွေနဲ့ အားပေးတာတွေ ပြုလုပ်ခဲ့ကြတဲ့ ပေါ်တိုမြို့က လူတွေအားလုံးကို ကျေးဇူးတင်တယ်လို့ ကားဆီးလက်စ်က ပြောပါတယ်။

ပေါ်တိုအသင်းကတော့ ထပ်ဖြစ်မယ်ဆိုရင် အသက်အန္တရာယ် ရှိနိုင်တာကြောင့် စာချုပ်တနှစ်သက်တမ်း ရှိသေးပေမယ့် ကားဆီးလက်စ်ကို အနားပေးဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

No comments:

Post a Comment