Tuesday, May 7, 2019

ယူကျုဘ်မှာ ကြည့်ရှုသူသန်း ၄၅၀ ပြည့်သွားတဲ့ BTS အဖွဲ့ရဲ့ ဂီတဗီဒီယိုသစ်

 မေလ ၅ ရက်ဒေသစံတော်ချိန်ည ၁၁ နာရီ ၁၅ မိနစ် က IDOL ဂီတဗီဒီယိုသည် ယူကျုဘ်တွင် ကြည့်ရှုသူသန်း ၄၅၀ ပြည့်မြောက်သဖြင့် ကေပေါ့ပ်အဖွဲ့ BTS အနေဖြင့်အရေး ပါ သောမှတ်တိုင်တစ်ခု စိုက်ထူခဲ့သည်။ ၂၀၁၈ သြဂုတ် ၂၄ ရက်က ထွက်ခဲ့သော ယင်းသီချင်းသည် ၂၅၄ ရက် (သို့မဟုတ်) ရှစ်လ၊ ၁၁ ရက်နှင့် ငါးနာရီအတွင်းယင်း အရေအတွက်ပြည့်မြောက်ခြင်းဖြစ်သည်။ IDOLသည် ကြည့်ရှုသူသန်း ၄၅၀ အမြန်ဆုံးပြည့်သည့် BTS အဖွဲ့၏ သီချင်းဖြစ် သည်။  IDOL အနေဖြင့် Dope, MIC Drop, Fake Love, Fire နှင့် DNA တို့ပြီးနောက် ယူကျုဘ်တွင် ကြည့်ရှုသူသန်း ၄၅၀ ပြည့်မြောက်သော BTS အဖွဲ့၏ ခြောက်ခုမြောက်ဂီတဗီဒီယိုဖြစ် သည်။ BTS အဖွဲ့သည် ယူကျုဘ်တွင် ယင်းသို့မှတ်တိုင်ခြောက်ခု  စိုက်ထူနိုင်သည့်တစ်ခုတည်းသော အမျိုးသားကေပေါ့ပ်အဖွဲ့  ဖြစ်သည်။

No comments:

Post a Comment