Tuesday, May 7, 2019

ရခိုင်အခြေစိုက် DMG သတင်းဌာနမှ သတင်းထောက်များကို ခေါ်ယူစစ်ဆေး

အယ်ဒီတာချုပ်အပါအ၀င် တာ ၀န်ရှိသူများကို မတရားအသင်းအက် ဥပဒေပုဒ်မ ၁၇ (၂)ဖြင့် တရားစွဲခံရသည့် ရခိုင်အခြေစိုက် Development Media Group (DMG) မှ သတင်းထောက်ချုပ် အပါအ၀င် သတင်းထောက်နှစ်ဦးကို စစ်တွေမြို့ အမှတ်(၁)ရဲစခန်းတွင် နှစ်ရက် ကြာ ခေါ်ယူစစ်ဆေးမေးမြန်းခဲ့သည်။ DMG သတင်းဌာနမှသတင်း ထောက်ချုပ် ကိုနေ၀င်းစံနှင့်  သတင်းထောက်ကိုသက်နိုင်တို့ ကို မေးမြန်းစရာရှိသည်ဟု ဆို ကာ မေလ ၅ ရက်ညနေတွင် အ ရပ်ဝတ်ရဲ သုံးဦးအပါအ၀င် ရပ် ကွက်အုပ်ချုပ်ရေးမှူးတို့က သ တင်းဌာနသို့လာရောက်ကာ ခေါ် ဆောင်ခြင်းဖြစ်သည်။

ထိုသို့ခေါ်ဆောင်သွားပြီး ယင်းနေ့ညနေတွင် မေးမြန်းကာ မေလ ၆ ရက် နံနက်တွင်လည်း ထပ်မံမေးမြန်းခဲ့ကြောင်း သတင်း ထောက်ချုပ် ကိုနေ၀င်းစံကပြော သည်။ ထိုသို့မေးမြန်းရာတွင် သတင်းဌာန တာဝန်ရှိသူများ၏ အမည်နှင့် ၎င်းတို့နေရပ်များကို မေးမြန်းကာ ဂျာနယ်ထုတ်ဝေခွင့်၊ သတင်းထုတ်လုပ်ပုံအဆင့်ဆင့် စသည်တို့ကို မေးမြန်းကြောင်း ၎င်းကပြောသည်။

ထို့အပြင် ကိုနေ၀င်းစံနှင့် ကိုသက်နိုင်တို့ ရေးသားသည့် သတင်း၊ ဆောင်းပါး၊ အင်တာ ဗျူးများနှင့် ပတ်သက်၍ မေးမြန်း ခံရသည်ဟု ကိုနေ၀င်းစံကဆို သည်။

၂၀၁၈ တွင်ဖြစ်ပွားသည့် မြောက်ဦးမြို့ အဓိကရုဏ်းဖြစ် စဉ် တစ်နှစ်ပြည့်၌ ရေးသားခဲ့ သည့် ‘မြောက်ဦးမြို့မှာ ကြွေတဲ့ လ’  သတင်းဆောင်းပါးကို မည် သည့်ရည်ရွယ်ချက်ဖြင့် ရေးသား သလဲဟု ကိုနေ၀င်းစံအားမေးမြန်း ခဲ့သည်ဟု ဆိုသည်။

လက်နက်ထိမှန်မှုကြောင့် အသက် (၇) နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည့်ရသေ့တောင်မြို့နယ် သမီးလှကျေးရွာဖြစ်စဉ်နှင့် ပတ်သက်၍ ရေးသားခဲ့သော သတင်းနှင့် ပတ်သက်ပြီး ကိုသက်နိုင်ကို မေးမြန်းခဲ့သည် ဟုဆိုသည်။

မတရားအသင်းအက်ဥပဒေ  နှင့် တရားစွဲထားပြီး ယခုကဲ့သို့၎င်း   တို့ရေးသားထားသည့် သတင်း  များနှင့် ပတ်သက်၍ မေးမြန်း ခြင်းအပေါ်ကိုနေ၀င်းစံက မေး ခွန်းထုတ်သည်။

‘‘အပြစ်ရှာနေတဲ့သဘော မျိုးလို့မြင်တယ်။ ကျွန်တော်တို့ ကို စစ်ဆေးတဲ့သတင်းတွေ၊ ဆောင်းပါးတွေမှာလည်း ကျွန် တော့်ကို စစ်ဆေးတာက မြောက် ဦးဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ဆေး တယ်။  ဆိုရင် ၁၇ (၂) နဲ့ဘာဆိုင်  လဲ၊ မေးခွန်းထုတ်စရာဖြစ်လာ တယ်။ စဉ်းစားစရာဖြစ်လာတယ်’’ ဟု ၎င်းကပြောသည်။

DMG သတင်းဌာနအယ်ဒီ တာချုပ်ကိုအောင်မင်းဦးအပါအ ၀င် တာဝန်ရှိသူများကို သတင်း တပ်ဖွဲ့က မေလ ၁ ရက်တွင်မ တရားအသင်းဥပဒေပုဒ်မ ၁၇ (၂) ဖြင့်စစ်တွေမြို့အမှတ် (၁) ရဲစခန်း၌ အမှုဖွင့်ထားသည်။ ယင်းသို့အမှုဖွင့်ခြင်းသည် မည် သည့်အတွက်ကြောင့်ဟု မေး မြန်းရာ ရဲစခန်းတာဝန်ရှိသူများ  က တိတိကျကျမဖြေကြောင်းကို နေ၀င်းစံကပြောသည်။ ထို့အ ပြင်အယ်ဒီတာချုပ်ကို အောင် မင်းဦးအပြင် မည်သူများကို အမှု ဖွင့်ထားသည်ကို အသေးစိတ်မ ပြောဟု DMG သတင်းထောက် များကဆိုသည်။

ရဲစခန်းက စစ်ဆေးမေးမြန်း  ရန် ပြင်ဆင်ထားသည့် ဖိုင်တွင် DMG သတင်းဌာနမှ ကိုနေ၀င်း စံနှင့် ကိုသက်နိုင်တို့အပြင် အခြား သတင်းထောက်များ၊ ရေးသား ထားသည့် သတင်း၊ ဆောင်းပါး၊ အင်တာဗျူးများ ပါဝင်သည်ကို တွေ့ခဲ့ရကြောင်း၊ နောက်ထပ် သတင်းထောက်များကိုလည်း  အလားတူစစ်ဆေးမေးမြန်းနိုင် ကြောင်း ကိုနေ၀င်းစံကပြော သည်။

ထိုသို့သတင်းထောက်များ   စစ်ဆေးခံနေရသဖြင့်၎င်းတို့သည် သတင်းရေးသားခြင်းများ မ ဆောင်ရွက်နိုင်သဖြင့် သတင်းဌာ နအတွက် ထိခိုက်မှုရှိကြောင်း၎င်း ကဆိုသည်။ ‘‘ရှိတဲ့လူနည်းနည်း  နဲ့လုပ်နေရတဲ့အချိန်မှာ ဒီလိုစစ် နေတော့အလုပ်တွေထိခိုက်လာ  တယ်’’ ဟု ကိုနေ၀င်းစံကပြော သည်။

DMG သတင်းဌာနကို တရားစွဲဆိုထားခြင်းနှင့် ပတ် သက်၍ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့၊  ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး  ကြည်လင်းထံယမန်နေ့က ဖုန်း ဖြင့် ဆက်သွယ်မေးမြန်းရာတွင် ဖြေကြား၍ မရကြောင်း၊ လူကိုယ် တိုင်လာရောက်မေးမြန်းပါကဖြေ ကြားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။ မြောက်ဦးမြို့၌ ဖြစ်ပွား ခဲ့သည့် စစ်ရေးဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းဖော်ပြရာ တွင်မျှတမှုမရှိဟုဆိုကာ ဧရာဝတီ  သတင်းဌာနကိုလည်း တပ်မ တော်က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့်အမှုဖွင့်တရား စွဲဆိုထားသည်။

မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇ (၂) တွင်မည်သူမဆို  မတရားအသင်းကို စီမံအုပ်ချုပ်  လျှင်၊ ကူညီလျှင်ပြစ်မှုမြောက်  ကြောင်း ဖော်ပြသည်။ ပုဒ်မ ၁၇ (၂) အရအနည်းဆုံးထောင်ဒဏ်  သုံး နှစ်မှ ငါးနှစ်နှင့် ငွေဒဏ်ပါချ မှတ်နိုင်သည်။ DMG သတင်းဌာနသည်နေ့ စဉ် အွန်လိုင်းသတင်းများ ထုတ် ဝေပြီး တစ်လနှစ်ကြိမ် ဂျာနယ် ထုတ်ဝေနေသည်။

No comments:

Post a Comment