Tuesday, May 7, 2019

မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးအသစ်ကို လွှတ်တော်တွင် အတည်ပြု

 မွန်ပြည်နယ် လျှပ် စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ခန့်အပ်ရန် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ တင်သွင်းသည့် ဦးလှထွန်းကို ပြည်နယ်လွှတ် တော်တွင် အတည်ပြုသည်။ ပြည်နယ်အတွက် လစ်လပ် လျက်ရှိသည့် လျှပ်စစ်၊ စွမ်းအင် နှင့် စက်မှုဝန်ကြီးနေရာကို မေလ ၂ ရက်တွင် ပြည်နယ်ဝန်ကြီးချုပ် က အမည်စာရင်းတင်သွင်းပြီး မေလ ၆ ရက် ပြည်နယ်လွှတ်တော်အ စည်းအဝေး၌ ကန့်ကွက်သူမရှိသ ဖြင့် လွှတ်တော်တွင် အတည်ပြုသည်။
ပြည်နယ် လျှပ်စစ်၊ စွမ်းအင် နှင့် စက်မှုဝန်ကြီးနေရာ ခန့်အပ်ရန် ပဲခူးတိုင်းဒေသကြီး လျှပ်စစ် အင်ဂျင်နီယာဌာန ဒုတိယအင်ဂျင် နီယာချုပ်အဖြစ် တာဝန်ထမ်း ဆောင်ဖူးသော ဦးလှထွန်းကို အဆိုတင်ပြီး ၎င်းသည် အသက်(၆၁)နှစ်အရွယ်ရှိ၍ ရန်ကုန်တိုင်းဒေသကြီးဇာတိဖြစ်ကာ BE လျှပ်စစ်စွမ်းအား ရန်ကုန်စက်မှုတက္က သိုလ်တွင် ဘွဲ့ရခဲ့ကြောင်း ဝန်ကြီးချုပ်တင်ပြထားသည့်  ကိုယ်ရေး အကျဉ်း၌ ဖော်ပြထားသည်။ ‘‘ဦးလှထွန်းကို ဝန်ကြီးခန့် အပ်ရန် ပြည်နယ်လွှတ်တော်က သဘောတူသည့်အတွက် ပြည် နယ်ဝန်ကြီးချုပ်က ဖွဲ့စည်းပုံအ ခြေခံဥပဒေပုဒ်မ ၂၆၂ ပုဒ်မခွဲ(င) အရ၊ ပြည်နယ်လွှတ်တော် နည်း ဥပဒေ ၅၃ အရ နိုင်ငံတော်သမ္မတ ထံ တင်ပြသွားရန်နှင့် နိုင်ငံတော် သမ္မတထံမှ ဝန်ကြီးအဖြစ် ခန့်အပ် စာရရှိမှသာ လွှတ်တော်မှာ ကတိသစ္စာပြုအစီအစဉ် ဆက်လက် ဆောင်ရွက်သွားမယ်’’ဟု မွန်ပြည် နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိ က ပြောသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန် ကြီးဌာန ဝန်ကြီး ဦးမင်းထင်အောင် ဟန်ကို ၎င်း၏သဘောထားဆန္ဒအ လျောက် ဝန်ကြီးရာထူးမှ နုတ် ထွက်ခွင့်ပြုပြီး   လစ်လပ်ဝန်ကြီး လုပ်ငန်းတာဝန်များကို စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်ကို ပူးတွဲထမ်း ဆောင်ရန် ၂၀၁၈ မေလ ၃၀ ရက် က တာဝန်ပေးအပ်ခဲ့သည်။ မွန်ပြည်နယ်တွင် ယခုအစိုးရ လက်ထက် နုတ်ထွက်သည့် ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦး၏လစ်လပ်ဝန်ကြီးနေရာ ဖြစ်သော စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးနေရာကို ရွေးကောက်ခံ ကိုယ်စားလှယ်မ ဟုတ်သည့် NLD ပါတီမှ ပညာရှင် တစ်ဦးကို ခန့်အပ်တာဝန်ပေးခဲ့ သည်။

No comments:

Post a Comment