Friday, May 10, 2019

ကျောက်တန်းရွာဖြစ်စဉ် စုံစမ်းစစ်ဆေးရန် လုပ်ငန်းအဖွဲ့ကို ရခိုင်ပြည်နယ်လွှတ်တော် တာဝန်ပေး တစ်လအတွင်း အစီရင်ခံစာ တင်ပြရမည်ဟုဆို

ရသေ့တောင်မြို့နယ်  ကျောက်တန်းရွာ ဖြစ်စဉ်နှင့်ပတ် သက်၍ မြေပြင်တွင် ဖြစ်ပျက်ခဲ့ သည့် အခြေအနေများကို စုံစမ်း စစ်ဆေးရန် လွှတ်တော်ကိုယ်စား လှယ်များဖြင့် ဖွဲ့စည်းထားသည့် လုံခြုံရေး၊ စီမံခန့်ခွဲရေး၊ တရားဥ   ပဒေစိုးမိုးရေးလုပ်ငန်း အဖွဲ့သို့ ရခိုင်ပြည်နယ်လွှတ်တော်က တာ ၀န်ပေးသည်။ေ ကျာက်တန်းဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်သူများကို  စုံစမ်းမေးမြန်းကာ တစ်လအတွင်း  လွှတ်တော်သို့ အစီရင်ခံစာ ရေး သားတင်ပြရမည်ဖြစ်ကြောင်း အ ဆိုပါလုပ်ငန်းအဖွဲ့ကို ရခိုင်ပြည် နယ်လွှတ်တော်က မေလ ၈ ရက် စွဲဖြင့် စာထုတ်ကာ တာဝန်ပေး ခြင်းဖြစ်သည်။



AA နှင့်ပတ်သက်၍ သံသ ယရှိသည်ဟုဆိုကာ ကျောက် တန်းရွာတွင် အမျိုးသား ၂၇၅ ဦး  ထိန်းသိမ်းစစ်ဆေးမှု၊ ပစ်ခတ်မှု ဖြစ်ပွားခြင်းနှင့် ပတ်သက်ပြီး တပ် မတော်၏  သတင်းထုတ်ပြန်မှုများ၊ သတင်းမီဒီယာများ၌ ဖော်ပြသည့် အချက်အလက်များသည် မြေပြင် တွင်ဖြစ်ပွားသည့် အခြေအနေ များနှင့် ကွဲပြားနေကြောင်း လွှတ် တော်ကိုယ်စားလှယ်များက ဆွေး နွေးသဖြင့် ယခုကဲ့သို့ တာဝန်ပေး အပ်ခြင်းဖြစ်ကြောင်း ပြည်နယ် လွှတ်တော်ဒုဥက္ကဋ္ဌ ဦးမြသန်းက ပြောသည်။

‘‘ကိုယ်စားလှယ်တွေ ဆွေး နွေးတဲ့အခါမှာလည်း မြေပြင်အ နေအထားနဲ့၊ သတင်းဌာနတွေနဲ့၊ ရှင်းလင်းတဲ့ဟာတွေနဲ့ ကွဲပြားနေ တယ်လို့ ဆွေးနွေးကြတယ်။ အဲဒါ ကြောင့် မြေပြင်က သတင်းအမှန် ကို သိချင်လို့၊ ဖြစ်စဉ်ကိုသိချင်လို့ ဆိုပြီးတော့ အဲဒီအဖွဲ့ကို တာဝန် ပေး လိုက်ခြင်းဖြစ်ပါတယ်’’ဟု ဦးမြသန်းက ပြောသည်။

ကျောက်တန်းရွာစာသင် ကျောင်း၌ အမျိုးသား ၂၇၅ ဦးကို AA နှင့် ပတ်သက်မှု ရှိ၊ မရှိ ထိန်း  သိမ်းစစ်ဆေးနေစဉ် မေလ ၂ရက် နံနက်အစောပိုင်းက ပစ်ခတ်မှုဖြစ် ပွား၍ ခြောက်ဦးသေဆုံးပြီး ရှစ်ဦး  ဒဏ်ရာရရှိသည်။ ယင်း ဖြစ်စဉ် နှင့် ပတ်သက်ပြီး တပ်မတော်၏  ကနဦး သတင်းထုတ်ပြန်ချက်၌ ထိန်းသိမ်းထားသူများအနက် လူ  အုပ်စုတစ်စုက အော်ဟစ်ပြီး လုံ ခြုံရေးတပ်ဖွဲ့ဝင်၏ လက်နက်ကို  လုရန် ကြံရွယ်ခြင်းကြောင့်ပစ်ခတ် နှိမ်နင်းရခြင်းဖြစ်ကြောင်း ဖော်ပြ ထားသည်။ သို့သော်ဒေသခံ ရွာ သားများကမူ စိတ်မမှန်သူတစ် ဦးက အော်ဟစ်သဖြင့်ပစ်ခတ်ခဲ့ ခြင်းဖြစ်ကြောင်း၊ ထိုသူသည်စိတ် မမှန်သူဖြစ်ကြောင်းကိုလည်း လုံ ခြုံရေးတပ်ဖွဲ့ဝင်များသိရှိကြောင်း ပြောဆိုသည်။ ယင်းပစ်ခတ်မှုဖြစ် စဉ်ကို တပ်မတော်ကလည်းစုံစမ်း ရေးအဖွဲ့ဖွဲ့စည်းစစ်ဆေးနေသည်။

ကျောက်တန်း ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကွဲလွဲမှုများ ရှိနေ သည့်အပေါ် အဖြစ်မှန်ပေါ်ပေါက် ရေး ဒဏ်ရာရရှိသူများ၊ ကျောက် တန်းရွာသားများ၊ သေဆုံးသူများ ၏ မိသားစုဝင်များနှင့်  လုံခြုံရေး တပ်ဖွဲ့ဝင်များကို မေးမြန်းမည် ဖြစ်ကြောင်း  လုပ်ငန်းအဖွဲ့ဝင် ပုဏ္ဏားကျွန်းမြို့နယ်  ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦး အောင်သန်းတင်ကပြောသည်။

‘‘ရွာသားတွေ ပြောတာက  စိတ်မမှန်တဲ့သူ အော်တဲ့အတွက်  ပစ်တာလို့ ပြောတယ်။ အဲဒါ ကြောင့် တကယ့်အဖြစ်ကို သိရ အောင် စုံစမ်းမေးမြန်းတာတွေ လုပ်သွားမှာဖြစ်ပါတယ်’’ဟု ၎င်း က ဆိုသည်။  အဆိုပါ လုံခြုံရေး၊ စီမံခန့်ခွဲ ရေး၊ တရားဥပဒေစိုးမိုးရေးလုပ် ငန်းအဖွဲ့တွင် အဖွဲ့ဝင် ၁၁ ဦး ပါ ၀င်ပြီး ဘူးသီးတောင် မြို့နယ်ပြည် နယ် လွှတ်တော်ကိုယ်စားလှယ်  ဦးဇော်ဇော်မြင့်က ဥက္ကဋ္ဌအဖြစ် ပါဝင်ကာ မြောက်ဦးမြို့နယ် ပြည် နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က အတွင်းရေးမှူး ဖြစ်သည်။ တပ်မတော်သားလွှတ် တော် ကိုယ်စားလှယ်တစ်ဦး လည်းပါဝင်သည်။ ထို့အပြင်ရခိုင် အမျိုးသား ပါတီလွှတ်တော်ကိုယ် စားလှယ်ခြောက်ဦး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၊ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှနှစ်ဦး၊ ရခိုင်ဦးဆောင်ပါတီ မှ တစ်ဦးပါဝင်သည်။

No comments:

Post a Comment