Friday, May 10, 2019

ချင်းအမျိုးသားတပ်ဦးဌာနချုပ်တွင် အပစ်ရပ်စောင့်ကြည့်ရေးသင်တန်း ပို့ချ

တရားဝင်ဆွေးနွေးပွဲ များ စတင်နိုင်ခြင်းမရှိသေးသော် လည်း အဖွဲ့၏လုပ်ထုံးလုပ်နည်း များနှင့်ပတ်သက်သည့် သင်တန်း များကို ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးနှင့် ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC)က တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အချို့၏ ဌာနချုပ်တွင် ဆောင်ရွက်နေ သည်။ JMC ၏ လုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်းများနှင့် စစ် ဘက်ဆိုင်ရာစည်းမျဉ်းစည်းကမ်း များရှင်းလင်းပို့ချသည့် JMC ဆိုင် ရာသင်တန်းကို ချင်းအမျိုးသား တပ်ဦး (CNF)ဌာနချုပ်တွင်မေလ ဆန်းက နှစ်ရက်ကြာပြုလုပ်ခဲ့ ကြောင်း JMC က သတင်းထုတ် ပြန်သည်။

အဆိုပါဆွေးနွေးပွဲတွင် ပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တရားများ၊ နှစ်ဖက်လေးစားလိုက် နာရမည့်စစ်ဘက်ဆိုင်ရာစည်း မျဉ်းစည်းကမ်းများ၊ နိုင်ငံတကာ တွင် ဆောင်ရွက်နေသည့် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်၌ အရပ်သား များပါဝင်မှု၊ JMC ၏လုပ်ငန်း လည်ပတ်ဆောင်ရွက်နေပုံ စသည်များကို အပြန်အလှန်ဆွေး နွေးကြောင်း ပြည်ထောင်စုအဆင့် JMC ဒုတိယဥက္ကဋ္ဌ(၂) သူရဦးဘို နီက ပြောသည်။ ချင်းအမျိုးသားခေါင်း ဆောင်များ ဦးတည်မျှော်မှန်း သည့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင် ခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုတည်ဆောက်ရေး CNF အနေဖြင့် အနှစ်သာရရှိသည့်ငြိမ်း ချမ်းရေးနှင့် အညင်သာဆုံးလမ်း ကြောင်းဖြစ်သည့် ပစ်ခတ်တိုက် ခိုက်မှုနှင့် ပြဿနာကို မဖြေရှင်း ဘဲ နိုင်ငံရေးဆွေးနွေးမှုနှင့် ဖြေ ရှင်းအဖြေရှာသည့်လမ်းစဉ်ကို ရွေးချယ်ကြောင်း အဆိုပါ ရှင်းလင်းပွဲတွင် ချင်းအမျိုးသားတပ်ဦးဒုတိယဥက္ကဋ္ဌ(၃)ပူးလ်ထန်နင်းကီးက ထုတ်ဖော်ပြောကြားသည်ဟု JMC က ဖော်ပြသည်။

‘‘JMC သည် ဆူးမငြိခလုတ် မတိုက် ညင်သာစွာလုပ်ငန်းအ ကောင်အထည်ဖော်နိုင်ရေးသည် တပ်မတော်၏စိတ်ကောင်းစေတ နာ၊ ပြည်သူလူထုမျက်နှာထောက် ထားမှု၊ အနာဂတ်တိုင်းပြည်တိုး တက်ငြိမ်းချမ်းစေလိုသော စိတ် ထားတို့ဖြင့် ပူးပေါင်းဆောင်ရွက် မှုတို့သည် အလွန့်အလွန်အရေး ကြီးအချိန်တန်ကျရောက်နေပြီ ဖြစ်ဟု CNF အနေဖြင့် သုံးသပ်မိ ကြောင်း’’ ၎င်းကပြောကြားသည် ဟု JMC က ဖော်ပြသည်။ JMC ဆိုင်ရာသင်တန်းအစီ အစဉ်များတွင် JMC-U အဖွဲ့ဝင် များ၊ ချင်းအမျိုးသားတပ်ဦးဒုတိ ယဥက္ကဋ္ဌ(၂)ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်းနှင့် CNF ခေါင်းဆောင်များ၊ သင်တန်းသား များအပါအ၀င် လူ ၆၀ ကျော် တက်ရောက်ခဲ့ကြောင်း JMC က ထုတ်ပြန်သည်။ လက်ရှိချင်းအမျိုး သားတပ်ဦးအခြေစိုက်ရာ ချင်း ပြည်နယ်တွင် လက်နက်ကိုင် ပဋိပက္ခနှင့် တိုက်ပွဲများမရှိသော် လည်း CNF အနေဖြင့်မူ အရပ် သားများ ကာကွယ်စောင့်ရှောက် ရေးကိစ္စများဆောင်ရွက်နိုင်ရေး ပြည်နယ်အဆင့် JMC ရုံးခွဲဖွင့် လှစ်ရန် ဆန္ဒရှိကြောင်း ယင်းအဖွဲ့ ပြောရေးဆိုခွင့်ရှိသူများက ထုတ် ဖော်ပြောကြားထားသည်။

No comments:

Post a Comment