Friday, May 10, 2019

မြို့တော်သစ်ရွေးရန် နိုင်ငံအလယ်ပိုင်း မြို့နှစ်မြို့ကို အင်ဒိုနီးရှားသမ္မတ သွားရောက်

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုဟာ မြို့တော်သစ် ရွေးဖို့အတွက် နိုင်ငံအလယ်ပိုင်း ကလီမန်တန် ခရိုင်တွင်းက မြို့ ၂ မြို့ကို ဒီသီတင်းပတ်ထဲမှာ သွားရောက်လည်ပတ်ပါတယ်။ ဘော်နီယိုကျွန်းပေါ်က ဂူနမ်း မတ်စ်နဲ့ ကူတိုင် ကာတာနေငါရာ မြို့တွေဆီကို ဝီဒိုဒိုဟာ မေ ၇ နဲ့ ၈ ရက်တွေမှာ သွားရောက်ခဲ့တာပါ။ လက်ရှိမြို့တော် ဂျကာတာကနေ အစိုးရရုံးတွေကို ရွှေ့ဖို့ စီမံကိန်းကို အတည်ပြုအပြီး တပတ်အကြာမှာ အဆိုပြုမြို့တွေဆီ သွားရောက်လည်ပတ်တာပါ။



နေရာကို ဆုံးဖြတ်ချက် မချရသေးပေမယ့် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ကနေ ၃၀ ကြား ရင်းနှီးမြှုပ်နှံဖို့ လိုလိမ့်မယ်လို့ စီမံကိန်းဝန်ကြီး ဘမ်ဘန် ဘရော့ဒ်ဂျိုနို ကိုရိုက ပြောပါတယ်။

မြို့တော်အသစ်မှာ အစိုးရဝန်ထမ်းတွေနဲ့ မိသားစုတွေ အများစုပါတဲ့ လူ ၉ သိန်းကနေ ၁ သန်းခွဲထိ နေနိုင်ဖို့ ပုံစံထုတ်ရေး စီစဉ်ထားတယ်လို့ အစိုးရက ပြောပါတယ်။

လက်ရှိမြို့တော် ဂျကာတာမှာ လူ ၁၀ သန်းကျော် နေပါတယ်။ အနားဝန်းကျင်က မြို့တွေမှာတော့ လူသန်း ၃၀ လောက် ရှိနေလို့ မြို့ဝန်းကျင်မှာ ယာဉ်ကြော ဆိုးဆိုးရွားရွား ပိတ်ဆို့နေပါတယ်။

ဒီအတွက် တနှစ်ကို စီးပွားရေးဆုံးရှုံးမှု အမေရိကန်ဒေါ်လာ ၇ ဘီလီယံဖိုး ရှိတယ်လို့ အစိုးရက ခန့်မှန်းထားပါတယ်။

No comments:

Post a Comment